⭐️6.1
၂၀၁၂ က Hit ဖြစ်ခဲ့တဲ့ Snow White and the Huntsman
ကတော့ နာမည်ကျော်စနိုးဝှိုက်ပုံပြင်ကိုအခြေခံထားပြီးKristen Stewart ၊ Charlize Theron ၊ Chris Hemsworth ၊Sam Claflin နဲ့ Bob Hoskins တို့လိုအကျော်အမော်တွေက
ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်မကမွေးဖွားတဲ့သမီးတော်လေးစနိုးဝှိုက်ဟာ ပြိုင်ဘက်ကင်းတဲ့အလှအပကြောင့်ကျော်ကြားပါတယ်။တစ်ရက်မှာတော့ စနိုးဝှိုက်ရဲ့မယ်တော် ဘုရင်မဆုံးပါးသွားပြီးတဲ့နောက်ပူဆွေးသောကရောက်နေတဲ့ဘုရင်ကြီးကို စုန်းမရာဗန်းနားကမြူဆွယ်နိုင်ခဲ့ပြီး ဘုရင်မဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရာဗန်းနားကဘုရင်ကြီးကိုသတ်၊ သမီးတော်လေးစနိုးဝှိုက်ကို ရဲတိုက်ကြီးထဲမှာဖမ်းဆီးချုပ်နှောင်ပြီး တိုင်းပြည်ကိုသိမ်းပိုက်အုပ်စိုးခဲ့ပါတယ်။အချိန်တွေကြာလာတာနဲ့အမျှ ရာဗန်းနားရဲ့စွမ်းအားတွေယုတ်လျော့လာပြီး ရာဗန်းနားရဲ့မှော်မှန်ချပ်က စနိုးဝှိုက်ရဲ့နှလုံးသားကိုစားမှသာထာဝရရှင်သန်နိုင်မယ်လို့ဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲစနိုးဝှိုက်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့် ရာဗန်းနားကမုဆိုးတစ်ယောက်ငှားရမ်းပြီး စနိုးဝှိုက်ကိုလိုက်လံဖမ်းဆီးပါတော့တယ်။