⭐️6.2
The Huntsman: Winter’s War (၂၀၁၆)ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ စနှိုးဝှိုက်ဇာတ်ကားဆိုရင်တော့ ဒီကားပဲ ပြရမှာဖြစ်ပါတယ်…
မင်းသား Chris Hemsworth , မင်းသမီး Charlize Theron ,Emily Blunt , Kristen Stewart , Jessica Chastain စတဲ့ ဒိတ်ဒိတ်ကြဲတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးပါ။
ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်ကထွက်ခဲ့တဲ့ Snow White and The Huntsman ရဲ့ Prequel ရော Sequel အဖြစ်ပါ ပြောလို့ရတဲ့ Huntman ရဲ့ဇာတ်အိမ်ပါပဲ။ဇာတ်လမ်းအစောပိုင်းမှာ
စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။
ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။
ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့
အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့
Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို
ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက
ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်းတွေ့ရပြီး .
သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။စနှိုးဝှိုက်ပုံပြင်ကျောရိုးကို အက်ရှင်စွန့်စားခန်းတွေနဲ့ဆိုတော့ Fantasy ကြိုက်တတ်သူတွေလုံးဝလက်လွတ်မခံသင့်တဲ့ရုပ်ရှင်ကားကြီးပါပဲ။
Extended Version နဲ့တင်ဆက်ထားတာမလို့ ရုံတင်တုန်းကမပါတဲ့ Scene တချို့နဲ့ ပိုမိုပြည့်စုံတဲ့ Version ဖြစ်ပါတယ်။