ဒီဇာတ်ကားဟာ သာမန်လူငယ်အချစ်ကားတစ်ကားထက် ပိုပါတယ်...
ဒါဟာ မြို့ပြရဲ့ မွန်းကြပ်မှုတွေကြားမှာ မိမိကိုယ်ကို ပျောက်ဆုံးနေတဲ့ လူငယ်တစ်ယောက်နဲ့၊ မိခင်မြေရဲ့ ရိုးရာဓလေ့တွေကို မြတ်နိုးတန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်တို့ရဲ့ "နှလုံးသားချင်း တိုက်ပွဲ" ပဲဖြစ်ပါတယ်....
အပန်းဖြေခရီးတစ်ခုအဖြစ် ရောက်ရှိလာတဲ့ ရိုင်လေတစ်ယောက် ရွာကလေးရဲ့ "Pow Wow" ပွဲတော်ပြင်ဆင်မှုတွေကြားမှာ ဂျင်နီနဲ့ ဆုံတွေ့ခဲ့ရပုံက ရိုးရှင်းပေမဲ့ သူတို့နှစ်ဦးကြားက မတူညီတဲ့ ယဉ်ကျေးမှုနဲ့ အမြင်ကွဲလွဲမှုတွေကိုပါခံစားရမှာဖြစ်ပါတယ်...
မိခင်ဖြစ်သူရဲ့ သတ်မှတ်ချက်တွေအောက်မှာ ကိုယ့်အိမ်မက်ကို စတေးခဲ့ရတဲ့ ဂျင်နီတစ်ယောက်သူ့ရဲ့ တက်ကြွမှုတွေကြားမှာ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ ဝါသနာတွေကို ပြန်ရှာတွေ့နိုင်မလား.....
ပွဲတော်ပြီးလို့ နွေကုန်ဆုံးတဲ့အခါ သူတို့နှစ်ဦးရဲ့ ကတိစကားတွေဟာ နွေဦးရဲ့ လေပြေထဲမှာ ပျောက်ကွယ်သွားမလား...
ဒါမှမဟုတ် တစ်သက်စာ အမှတ်တရအဖြစ် ကျန်ရစ်မလားဆိုတာကတော့.....
ကဲ ဆိုတော့.... နွေးထွေးတဲ့ ရင်ခုန်သံနဲ့အတူ ရသအသစ်တစ်ခုကို ခံစားချင်တယ်ဆိုရင်တော့ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ.....