ဒါရိုက်တာ Kathryn Bigelow ရိုက်ကူးထားပြီး Idris Elba , Rebecca Ferguson တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။
IMDb rating အနေနဲ့လည်း 7.3 ထိရရှိထားပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ အဓိကမြို့တစ်မြို့ဖြစ်တဲ့ ချီကာဂိုမြို့ကို အမည်မသိရန်သူတစ်ဦးမှ ပစ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းဟာ ဦးတည်ပြီးလာနေခဲ့ပါတယ်။ဒုံးကျည်ကျရောက်ရန် မိနစ် ၂၀ သာ အချိန်ရတဲ့အတွက် အမေရိကန်ရဲ့ အကြီးဆုံးခေါင်းဆောင်ပိုင်းတွေ စစ်ရေးဗျူဟာမှူးတွေနဲ့ ထောက်လှမ်းရေးအရာရှိတွေဟာ မကြုံစဖူးဖိအားနဲ့ကြုံတွေ့ရပါတော့တယ်။
သူတို့အနေနဲ့ ဒုံးကျည် ကို ဘယ်နိုင်ငံက ပစ်လိုက်လဲဆိုတဲ့ မေးခွန်းတွေကို စစ်ဆေးအတည်ပြုပုံ၊ ကြားဖြတ်ပစ်ချရန် အပြင်းအထန် ကြိုးပမ်းပုံ ၊ လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ချက်ချပုံတွေကို ရှုထောင့်သုံးမျိုးနဲ့ ကြည့်ရှူရမှာဖြစ်ပြီး ဇာတ်လမ်းပြီးဆုံးတဲ့အထိ ရင်တမမ စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် ရုပ်ရှင်လေးဖြစ်ပါတယ်။