Tron: Legacy (2010)ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး Legacy အပြီး ၁၅နှစ်အကြာအချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။
အနည်းငယ်ပြန်မိတ်ဆက်ပေးရမယ်ဆိုရင် ကွန်ပြူတာဖန်သားပြင်ရဲ့ နောက်ကွယ်မှာ လူသားကမ္ဘာလိုမျိုး The Grid ဆိုတဲ့ ကမ္ဘာတစ်ခုရှိတယ်။ ဒီအထဲမှာ ပရိုဂရမ်ဆိုတဲ့ လူသားတွေလိုမျိုး ရှုပ်ထွေးပြီး အဆင့်မြင်တဲ့ ဖြစ်တည်မှုတစ်ခုတည်ရှိနေပါတယ်။
Aresကတော့ အေရီစ် (Jared Leto)ဆိုတဲ့ AIလူသားရဲ့ အကြောင်းပေါ့။ အိဗ်ကင်မ် (Greta Lee)နဲ့ ဂျူလီယန်ဒီလင်ဂျာ (Evan Peters)တို့ဟာ နည်းပညာကုမ္ပဏီကြီးတွေရဲ့ စီအီးအိုတွေဖြစ်တယ်။ သူတို့က AIကမ္ဘာနဲ့ လက်တွေ့ကမ္ဘာကို ပေါင်းကူးပေးနိုင်မဲ့နည်းပညာကို အပြိုင်အဆိုင်ရှာဖွေနေကြသူတွေပေါ့။ သူတို့အကြားက ပြိုင်ပွဲထဲ AIလူသားအေရီစ်လည်း ပါဝင်လာခဲ့ပါတယ်။