What If? Season 1 မှာ အပိုင်းတစ်ပိုင်းအနေနဲ့ ပါခဲ့တဲ့ Superheroes ေတွအကုန် Zombies ဖြစ်ကုန်တဲ့ အပိုင်းကို မှတ်မိကြမယ်လို့ထင်ပါတယ်။
ဒီအပိုင်းကို Marvel က နောက် What If? Season ေတွမှာ ဆက်မပြတော့ပဲ သက်သက်ကို အပိုင်း ၄ ပိုင်း Series ထုတ်ပေးလိုက်ပါတယ်။ အားရဖို့ကောင်းတာက ဒီ Series က TV - MA rating နဲ့ သွေးထွက်သံယိုတွေ အပိုင်းပိုင်းပြတ်တာတွေကို ဘွင်းဘွင်းရှင်းရှင်းကြည့်ရမှာဖြစ်ပါတယ်။ ဒီ Series က Marvel Zombie ဆိုတဲ့ Comic ကိုအခြေခံထားပေမယ့် ဒီ Animation ထဲမှာတော့ ဇာတ်လမ်းက MCU ထဲက ဇာတ်ကောင်တွေနဲ့ Timeline ကိုအခြေခံပြီးယူထားပါတယ်။ Trailer မှာလည်း Moonknight Avatar အဖြစ်နဲ့ Blade ပါဝင်လာမှာကိုတွေ့ရတော့ ဇာတ်လမ်းနဲ့ Action Sence တွေကတော့ အားရဖို့ကောင်းတာ အသေအချာပါပဲ။
ဇာတ်လမ်းအညွှန်း
+++++++++++
ဒီ Marvel Zombie ဖြစ်တဲ့ Universe မှာ Hank Pym က သူရဲ့ မိန်းမကို Quantum Realm ထဲမှာ သွားခေါ်တဲ့အချိန်မှာ သူ့မိန်းမကို ထူးဆန်းတဲ့ Quantum Virus တမျိုးက ကူးစက်နေပါပြီ ။ ဒီကနေဆင့် ပြန်ရောက်လာပြီ တမြို့လုံးကို တရက်အတွင်းကူးသွားတဲ့ အချိန်မှာ Avenger တွေလာရောက်ကယ်တင်တဲ့အချိန်မှာလည်း earth mighty heroes တွေကိုလည်း ကူးစက်သွားခဲ့ပါတယ်။ ဒီကနေပြီး အသက်ရှင်ကျန်ရစ်တဲ့ လက်တဆုတ်စာ Heroes တွေက ဒီ Virus ကိုတားဖို့ဘယ်လိုကြိုးစားမလဲ။
Zombie ကိုမှ စူပါစွမ်းအင်တွေရှိနေတဲ့အခါ ဒီလိုအခြေအနေတွေကို ကျန်ခဲ့တဲ့ Heroes တွေကရောဘယ်လို တားဆီးကြမလဲဆိုတာကို TV -MA rating နဲ့ Animation ကောင်းကောင်းနဲ့ တဝကြီးကို ကြည့်ရှုရမှာပါ။