ဇာတ်ကားလေးရဲ့အကြောင်းအရာကတော့ ရစ်ခ်ဂျာမင်ဆိုတဲ့သူဟာ သက်သေခံရွှေ့ပြောင်းရေးပရိုဂရမ်အဖြစ်နဲ့ နာမည်မျိုးစုံပြောင်းလဲပြီး တစ်နေရာနဲ့တစ်နေရာရွှေ့ပြောင်းနေထိုင်လုပ်ကိုင်နေပါတယ်။
ရစ်ခ်ဟာ မှောင်ခိုကိစ္စတစ်ခုခုထဲပတ်သက်မိတဲ့အတွက်ကြောင့် သူ့ကိုကိစ္စရှင်းဖို့ မူးယစ်ရောင်းသမား ဆိုရမ်စွန်နဲ့ဒစ်ဆိုသူဟာ လိုက်လံခြေရာခံနေပါတယ်။တနေ့မှာရစ်ခ်ဟာဓာတ်ဆီဆိုင်မှာအလုပ်လုပ်နေရင်း သူ့ရဲ့ရည်းစားဟောင်း မာရီအန်ဂရေ့စ်နဲ့တွေ့ကြပါတော့တယ်။
တချိန်ထဲမှာပဲ ဆိုရမ်စွန်တို့ဟာ ရစ်ခ်နေနေတဲ့နေရာကိုရှာတွေ့သွားပြီး လာသတ်ဖို့လုပ်ပါတော့တယ်။ရစ်ခ်မထင်မှတ်ထားလိုက်တာက သူ့ကိုသတ်ဖို့လာတာထွက်ပြေးတိမ်းရှောင်ရင်း မာရီအန်ဟာရစ်ခ်ကိုကူညီဖို့လုပ်ရင်းကနေ သူပါဒီကိစ္စထဲမထင်မှတ်ဘဲ ဝင်ပါသွားပါတယ်။ဒီလိုနဲ့ပဲ ရစ်ခ် နဲ့ မာရီအန်ဟာ သူတို့ရဲ့ဆက်ဆံရေးကိုပြန်ဖြေရှင်းရင်း လူသတ်သမားတွေလက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးကြမလဲဆိုတာ.......