ဒီဇာတ်ကားမှာ Jeremy Rennerလည်းပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဥ်းလေးကတော့ အင်္ဂလန်နိုင်ငံမှာ ကုသလို့မရတဲ့ဗိုင်းရပ်စ်တစ်မျိုးကူးစက်ပြန့်ပွားနေပြီး တစ်နိုင်ငံလုံးနီးပါးရောဂါကူးစက်ခံထားရပါတယ်
ခြောက်လအကြာမှာတော့ ကူးစက်ခံထားသူတွေဟာအစာငတ်မွတ်မှုကြောင့်သေဆုံးသွားကြပါတယ်
လန်ဒန်ကနေရာတစ်ခုမှာ ဗိုင်းရပ်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး အသက်ရှင်လွတ်မြောက်လာတဲ့သူတွေကအဲ့မှညပဲနေရပါတယ် အမေရိကန်စစ်တပ်နဲ့ဆေးအဖွဲ့ကလည်း ပြန်လည်ထူထောင်ရေးအတွက်ကူညီပေးနေပါတယ်
တမ်မီနဲ့အန်ဒီတို့မောင်နှမနှစ်ယောက်ဟာ ကျောင်းလေ့လာရေးခရီးသွားနေတာကြောင့် ဒီဖြစ်ရပ်နဲ့မကြုံတွေ့လိုက်ရပါဘူး
သူတို့ပြန်ရောက်လာတဲ့အခါမှာတော့ အသက်ရှင်သူတွေထဲမှာ သူတို့အဖေပဲပါလာပြီး သူတို့အမေပါမလာတော့တာကိုတွေ့လိုက်ရပါတယ်
သူတို့နှစ်ယောက်သူ့အမေရဲ့ဓာတ်ပုံကိုလိုချင်လို့ လုံခြုံတယ်လို့သတ်မှတ်ထားတဲ့နေရာကိုကျော်ပြီး သူတို့အရင်အိမ်ကိုပြန်သွားရာကနေ ဗိုင်းရပ်စ်ပိုးပြန်လည်ပြန့်ပွားလာတဲ့အခါ........