မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ် ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ်... သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ်....... သူအဲဒီလိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့ မိစ္ဆာမြွေမလေး ၂ ယောက်ထဲက အစ်မဖြစ်သူ စုစုဟာ လူသားယောက်ျားလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေ ချစ်ကြိုက်မိသွားပါတယ်...
အဲဒီအချိန်မှာဇာတ်လမ်းကစတော့တာပါပဲ... အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့် လူသားတစ်ယောက်နဲ့မိစ္ဆာတစ်ကောင်ဟာ အတူတူပေါင်းစည်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား... ပေါင်းစည်းလို့ရခဲ့ရင်တောင်မှ အခက်ခဲတွေအများကြီးရှိမှာပါ...... ဒါပေမယ့် ဒီကားလေးမှာကတော့ အချစ်ကြီးတဲ့ မိစ္ဆာမြွေဖြူမလေးတစ်ယောက်ရဲ့ နှလုံးသားဖြူဖြူလေးကို အသေချာမြင်တွေ့ရမှာပါ......
တကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့ လူသားကောင်လေးတစ်ယောက်နဲ့ မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ... ဖိုက်တင်မင်းသားကြီးဂျက်လီဇာတ်ကားတိုင်းမှာ ဖိုက်တင်အလန်းတွေနဲ့ ကြည့်ရမှာဆိုပေမယ့်လည်း ဒီဇာတ်ကားကတော့ သနားစရာအချစ်ဇာတ်လမ်းလေး တစ်ခုကို ဇာတ်အိမ်တည်ပြီးတော့ ရေးသားထားတာကြောင့် ဖိုက်တင်ကားကြိုက်သူများတောင် ဝမ်းနည်းသွားစေရမယ့်ရသကို အပြည့်ဝခံစားရမှာပဲဖြစ်ပါတယ်....
ဒါကြောင့် ကိုရီးယားအချစ်ဇာတ်ကားတွေကိုကြည့်ပြီး ခံစားချင်တဲ့လူတွေအတွက် ဒီ တရုတ်ကားလေးကိုကြည့်ကြည့်ပါ... အိမ်မှာနေပြီးတော့ ဖီးလ်းအပြည့်ဝယူချင်သူများအတွက် ဒီကားလေးကြည့်ပြီး ဘဝအမောများပြေနိုင်မှာပါ.... ဒီကားလေးကြည့်ပြီး အချစ်ကြီးသူများဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်......