ပုံမှန်လိုပဲ ဂိမ်းဆော့ပြီး အိပ်ပျော်သွားတဲ့ အိုဂျွန်ဝူးတစ်ယောက် နိုးလာတော့ သူ ပထမဆုံးလုပ်တာကလည်း ဂိမ်းဆော့တာပါပဲ... အဲဒီလိုနဲ့ ဂိမ်းဆော့နေရင်း ရုတ်တရုတ် အရေးပေါ်သတိပေးချက်တွေ တီဗီမှာရော.. ဖုန်းမှာရော ဝင်လာတဲ့အခါ.. သတိပေးချက်မှာ ပြထားတာကလည်း ဘာကြောင့်မှန်းမသိ လူတွေဟာ ဇွန်ဘီတွေလို ရန်လိုပြီး ပြုမူနေတယ်ဆိုတာ သိလိုက်ရပါတော့တယ်။
တစ်အိမ်လုံး အပြင်သွားနေတဲ့အချိန် ဂျွန်ဝူး တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့သလို သူတို့တစ်တိုက်လုံးမှာလည်း သူကလွဲပြီး ကျန်တဲ့သူတွေ အကုန် ဇွန်ဘီဖြစ်သွားတဲ့အခါမှာတော့ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ဂျွန်ဝူးတစ်ယောက် စိတ်အားငယ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လုပ်နေဆဲ သူ့လို တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်နေတဲ့ မျက်နှာချင်းဆိုင်တိုက်က ဂင်ယူဘင်းဆိုတဲ့ ကောင်မလေးနဲ့ မိတ်ဖွဲ့မိသွားပါတော့တယ်။
ဂျွန်ဝူးနဲ့ ယူဘင်းတို့ နှစ်ယောက် အစိုးရက အသက်ရှင်ဖို့ အစာ၊ ရေကို ရက် ၆၀ စာ လုံလောက်အောင် ရှိနေဖို့ ကြေညာတဲ့အခါ.. သူတို့ ဘယ်လို ရှင်သန်ဖို့ အတွက် ရုန်းကန်ကြမလဲ.. သူတို့ အသက်ရှင်နိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။