Ad P1
Ad P2

The One (2001)

Premium By Shine Design With Shroff Templates
Poster
⭐️6.1


ဒီကားလေးကတော့ ဂျက်လီရဲ့ကားတွေထဲမှာမှ တမူထူးခြားတဲ့ sci-fi ဆန်ဆန်နဲ့ စကြာဝဠာအထိ ပါဝင်ရိုက်ကူးထားတဲ့စိတ်ဝင်စားစရာကားလေးပဲဖြစ်ပါတယ်ဗျ။
ဇာတ်လမ်းရဲ့အကြောင်းအရာကတော့ MVA လိုခေါ်တဲ့ စကြာဝဠာထိန်းသိမ်းရေးအဖွဲ့အစည်းကြီးမှာ အလုပ်လုပ်နေတဲ့ ဂေဗရီရယ်ယူလောဟာ အဖွဲ့အစည်းကြီးရဲ့စည်းကမ်းကိုချိုး‌ဖောက်ပြီး တခြားပြိုင်ဖက်စကြဝဠာမှာရှိတဲ့ သူ့ရဲ့ကိုယ်တူကိုယ်ပွားတွေကို လိုက်လံရှာဖွေပြီးသတ်ပါတော့တယ်။ ဒီလိုလုပ်ချင်းအားဖြင့် သူ့ပြိုင်ဖက်စကြာဝဠာမှာရှိနေတဲ့သူတွေသေသွားရင် သူတို့ရဲ့စွမ်းအင်တွေက တခြားစကြာဝဠာမှာ ရှင်သန်နေသေးတဲ့သူတွေဆီကို ဖြန့်ခွဲသွားပါတယ်။
ဒီလိုနဲ့ပဲ ယူလောဟာ ပြိုင်ဖက်စကြဝဠာမှာရှိတဲ့ သူ့ကိုယ်တူတွေကိုသတ်ရင်း ၁၂၃ ယောက်မြောက်အထိကိုရောက်လာခဲ့တယ်။ပညာရှင်‌တွေခန့်မှန်းထားတာက ဒီလိုသတ်ရင်းနောက်ဆုံးအနေနဲ့ စကြဝဠာတိုင်းမှာ ကိုယ်တူတွေမရှိတော့ဘဲ တစ်ဦးတည်းပဲကျန်ခဲ့မယ်ဆိုရင် စွမ်းအင်တွေအကုန်ရယူပြီး ဘုရားဖြစ်မယ်လို့ခန့်မှန်းထားကြတယ်။ ဒီလိုနဲ့ယူလောဟာ နောက်ဆုံးသူသတ်ဖို့ကျန်နေတာက စကြာဝဠာတစ်ခုမှာနေထိုင်နေတဲ့‌ ဂေ့ပ်ယူလောဆိုတဲ့သူပဲကျန်ပါတော့တယ်။ ဂေ့ပ်ဟာ အမေရိကန်ရဲလုံခြုံရေးမှာအလုပ်လုပ်နေပြီး ဘဝကိုသူ့ရဲ့မိန်းမ T.K နဲ့အတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ယူလောဟာ ဂေ့ပ်ကိုသတ်ဖို့လည်းရောက်လာရော ၂ ယောက်လုံး တစ်ပုံစံတည်းဖြစ်နေရာကနေ ပြဿနာတက်တဲ့အခါအထင်လွဲမှားမှုတွေဖြစ်ကုန်ပြီး ရဲတွေဟာယူလောကိုဖမ်းနေတာလား ဂေ့ပ်ကိုပဲလိုက်ဖမ်းနေတာလား မသိခဲ့ရပါဘူး။ဒီလိုပြဿနာတွေကြားထဲမှာမှ ဂေ့ပ်ဟာ တစ်ခြားစကြာဝဠာကနေကိုသတ်ဖို့လာတဲ့ သူ့ရဲ့ကိုယ်တူပြိုင်ဖက်လက်ထဲကနေ ဘယ်လို‌တိမ်းရှောင်မလဲ ဘယ်လိုပြန်ရင်ဆိုင်သွားမလဲဆိုတာကိုတော့.....




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...