⭐️6.4
ဒါကတော့ အမေရိကန်ရဲ့ နာမည်ကျော် WWE နပမ်းလောကမှ
လေဒီနပမ်းသမားနယ်ပယ်ကို ဦးဆောင်လမ်းဖောက်ပေးခဲ့တဲ့
မစ်ရက်ဘာ့ခ်ရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့
သမိုင်းရုပ်ရှင်တစ်ခုပါ....
၉၀ ခေတ်က အမျိုးသားတွေပဲ ကြီးစိုးခဲ့တဲ့ WWE လောက
ထဲကို ဝင်ချင်ခဲ့တဲ့ မစ်ရက်ရဲ့ ကြိုးစားမှုတွေကြောင့် ပွဲတော်
တွေမှာ ယောက်ျားတွေနဲ့ ကြေးစားအဖြစ် နပမ်းသတ်ပြရင်း
နာမည်ရလာပါတယ်...
အဲ့ဘက်ခေတ်ကလည်း အမျိုးသမီး ၂ ယောက် ကွင်းထဲမှာ
နပမ်းသတ်တဲ့ ကိစ္စက ပြည်နယ်အချို့မှာ တရားမဝင်
သတ်မှတ်ထားပါတယ်...
WWE နပမ်းသမားတွေက အတုအယောင် တကယ်
ထိုးတာမဟုတ်ဘူးလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်...
လူတွေစိတ်ဝင်စားလာအောင် ဇာတ်လမ်းတွေဆင်ပြီး
လူဆိုး လူကောင်းခွဲပြီး ခါးပတ်လုကြတဲ့ ပွဲမှာ ဖိုက်တာ
သွေးပါလာတဲ့ မစ်ရက်ဘာ့ခ်ရဲ့ ဝိတ်တာဘဝကနေ
အမျိုးသမီးဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ သမိုင်းဇာတ်လမ်း
တစ်ပုဒ်ကို ကြည့်ရှုရာမှာဖြစ်ပါတယ်.....