အန်တိုနီဖေ့ထ် (DMX) ဟာ ဖခင်တစ်ယောက်၊ ခင်ပွန်းတစ်ယောက်၊ ဒါ့အပြင် ဘဏ်ကိုဖောက်ထွင်းတဲ့ ဓားပြတစ်ယောက်လည်းဖြစ်ပါတယ်။ ဓားပြဆိုပေမဲ့ သူ့မိန်းမ၊ သူ့သမီးနဲ့အတူ အေးဆေးနေထိုင်နေသူတစ်ဦးပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ဖောက်ထွင်းရင်း အနက်ရောင်ကျောက်တွေတွေ့လို့ ခိုးယူလာရာကနေ သူ့ဘဝကြီးပြောင်းပြန်လန်သွားတော့တာပါပဲ။
သူ့နောက်ကိုလိုက်ပြီး ကျောက်တွေကိုရယူလိုတဲ့ထဲမှာ ထိုင်ဝမ်စုံစမ်းရေးဗျူရိုကလို့ သူ့ကိုယ်သူပြောတဲ့ စူး (Jet Li) အပြင် သူ့သမီးကိုဖမ်းသွားပြီး ငါ့ကျောက်ပြန်ပေးလို့ဆိုလာတဲ့လူပါ ရှိလာတဲ့အခါ。。。
အဲဒီကျောက်က ဘာမို့လို့ အားလုံးရဲ့စိတ်ဝင်စားခြင်းခံနေရတာလဲ? ဖေ့ထ်နဲ့ စူးတို့နှစ်ယောက်ပူးပေါင်းပြီး ကိုယ်လိုချင်တာတွေ အတူရယူနိုင်မလားဆိုတာတော့ ဒီအက်ရှင်ကားကောင်းထဲမှာ စောင့်ကြည့်လိုက်ကြပါဦး။