ဒါပေမဲ့ တစ်နေ့မှာ တိုက်ခိုက်မှုတစ်ခုကြောင့် ဘာ့ထ်သေဆုံးပြီလို့ ယူဆရတဲ့အတွက် လေလွင့်သွားတဲ့ဒန်နီတစ်ယောက် ဆမ်ဆိုတဲ့ မျက်မမြင်လူကြီးအိမ်ကို ရောက်သွားပါတော့တယ်။ ဆမ်နဲ့ သူ့မယားပါသမီး ဗစ်တိုးရီးယားတို့ဟာ ဗစ်တိုးရီးယားကျောင်းတက်ဖို့အတွက် မြိုတက်ကြရင်းနဲ့ ဒန်နီကိုတွေ့ပြီး ခင်မင်သွားကြတဲ့အခါ ဒန်နီရဲ့ အရိုင်းဆန်တဲ့စိတ်တွေ တဖြည်းဖြည်းပျောက်လာပါတော့တယ်။
ဒန်နီတစ်ယောက် ဆမ်တိုသားအဖရဲ့ ပြုပြင်မှုနဲ့ လူယဉ်ကျေးဖြစ်နိုင်မလား၊ အရိုင်းဆန်တဲ့ တိုက်ကြက်လိုစိတ်ဓာတ်တွေပဲ ပြန်ပေါ်လာနိုင်မလားဆိုတာကတော့ Jet Li နဲ့ Morgan Freeman တို့က အဓိကပါဝင်ထားတဲ့အပြင် IMDb 7/10 နဲ့ RT 66% ရရှိထားတဲ့ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။