Ad P1
Ad P2

Between Love and Hate (2006)

Premium By Shine Design With Shroff Templates
Poster
⭐️6.2


ဒီတစ်ခေါက် မိတ်ဆက်ပေးမဲ့ Rom-Com ဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ ဒရာမာပေါင်း၊ မူဗီပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်သားကြီး Kim Seung-Woo နဲ့ မင်းသမီး Jang Jin-Young တို့က အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါဝင်သရုပ်ထားကြတဲ့ ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
ယောင်းအွန်း(Kim Seung-Woo) ဟာ သူ့မိခင်ရဲ့စားသောက်ဆိုင်မှာ ဝင်ကူလုပ်ပေးနေပြီး စေ့စပ်ထားတဲ့မိန်းကလေးနဲ့ လက်ထပ်ဖို့ထက် အပေါင်းအသင်းများနဲ့သာ အလေလိုက် ပျော်ပါးချင်သူတစ်ဦးပါ။
ဒါ့အပြင် သူဟာ သူမှသူဖြစ်နေတဲ့ ကာရာအိုကေက ကောင်မလေး ယွန်းအာ(Jang Jin-Young) နဲ့လည်း ပက်သက်မိနေပြန်ပါသေးတယ်။ ဘာကိုမှ အလေးအနက်မထားဘဲ ပေါ့ပေါ့ပျက်ပျက်နေတတ်တဲ့ ယောင်းအွန်းနဲ့ လူတွေ ဘဝင်မကျစရာအလုပ်ကို လုပ်ကိုင်နေတဲ့ ယွန်းအာတို့ရဲ့ ဆက်ဆံရေးကို ယောင်းအွန်းတို့အမေ သိသွားပြီး စေ့စပ်ထားတဲ့မိန်းကလေးနဲ့ အလျင်စလို လက်ထပ်ခိုင်းတဲ့အခါမှာ...
ယောင်းအွန်းတစ်ယောက် သံယောဇဉ်တွေ တွယ်ငြိပြီးသား မိန်းကလေးနှစ်ယောက်ကြားက ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဟာသာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...