ဒီဇာတ်ကားထဲမှာဆိုရင် တိုင်းပြည်တစ်ခုကို ဖျက်ဆီးဖို့ကြိုးစားတဲ့ စုန်းမကြီးကို အသက်နဲ့ရင်းကာ ရင်ဆိုင်တိုက်ခိုက်ကြပုံတွေကို ရှုစားရမှာဖြစ်ပြီး သားရဲကြီးများနဲ့ စစ်သည်တော်များရဲ့ အတိုက်အခိုက် အကြမ်းစားများကို မြင်တွေ့ရမှာဖြစ်ပါတယ်...
ကွန်းရတ်ဒ်ဘုရင်ကြီးဟာ ဘာသာရေးစစ်ပွဲမှာ အနိုင်ရခဲ့ကာ တိုင်းပြည်နယ်နိမိတ်ချဲ့ထွင်နိုင်ခဲ့တဲ့ ပထမဆုံးဘုရင်ကြီးဖြစ်ပါတယ်... စစ်ပွဲကာလအတွင်း အနာရောဂါထူပြောကာ အသေအကြေများပြားလျက် အငတ်ဘေးဆိုက်ခဲ့ရသော တိုင်းသူပြည်သားများဟာ ကွန်းရတ်ဒ်ဘုရင်ကြီး အာဏာရလာချိန်မှာတော့ အရာရာတိုးတက်ပြောင်းလဲခဲ့ပြီး တိုင်းပြည်ဟာလည်း စည်ပင်ဝဖြိုးလျက်ရှိခဲ့ပါတယ်...
သို့သော်လည်း နယ်နိမိတ်ချင်းဆက်လျက်ရှိ သော ဝီးလ်တောအုပ်အတွင်းမှ စုန်းမကြီးရဲ့ ရက်စက်မှုအပေါင်း သရဖူဆောင်းသည့် သတင်းပေါ်ပေါက်လာချိန်မှာတော့ တိုင်းပြည်ဟာ ပြန်လည်ခမ်းခြောက်စပြုလာခဲ့ပါတယ်... သူရဲကောင်းများစွာတို့ဟာ ထိုသတင်းကို အမှန်မဟုတ်ကြောင်း သက်သေပြဖို့ ဝီးလ်တောအုပ်အတွင်း အလျှိုအလျှိုဝင်သွားခဲ့သော်လည်း တစ်ယောက်မှ ပြန်ထွက်လာနိုင်ခဲ့ခြင်းမရှိဖြစ်ခဲ့ရပြီး နောက်ဆုံးမှာတော့ သာမာန်စစ်သည်တော်တို့ အနိုင်မယူနိုင်သော စုန်းမကြီးရန်မှ တိုင်းပြည်ကာကွယ်ရန် ဘုံဆိုင်အတွင်း အရက်မူးကာ မှောက်နေတတ်သော စုန်းမုဆိုးလက် ထိုးအပ်ရမဲ့အဖြစ်သို့ ရောက်ရှိခဲ့ပါတော့တယ်...
အရက်သမား စုန်းမုဆိုးတစ်ယောက် ကွန်းရတ်ဒ်ဘုရင်ကြီးရဲ့ တိုင်းပြည်ကို စုန်းမကြီးလက်က လွတ်အောင် ကြိုးစားနိုင်မလား အသက်ပေးဆပ်ကာ အရေးနိမ့်သွားမလား ..... စုန်းမကြီးလက်အောက်မှာ ကွန်းရတ်ဒ်ဘုရင်ကြီး အသက်ပျောက်ရလေမလားဆိုတာကိုတော့ ဒီဇာတ်ကားကြည့်ရင်း အဖြေထုတ်ကြည့်လိုက်ကြပါခင်ဗျာ......