ဇာတ်လမ်းအကျဉ်း ++++++++++++
၁၈ ရာစု အဆုံးမှာ ဟာဝိုင်အီကျွန်းစုတွေရဲ့ အဓိက တိုင်းပြည်လေးခုဖြစ်တဲ့ အိုအာဟူ၊ ဘစ်အိုင်းလန်း၊ မာဝီ နဲ့ ခါဝိုင်အီ စစ်ပွဲတွေအကြောင်း အခြေခံထားပါတယ်။ ဇာတ်လိုက်ကတော့ ကာအီရားနာဆိုတဲ့ မာဝီမင်းသားပါပဲ။
ဒီမျိုးနွယ်စုတွေရဲ့ ဟောကိန်းအရ ငှက်မွေးဝတ်ရုံနဲ့ တောက်ပနေတဲ့ကြယ်နဲ့အတူ ထွက်ပေါ်လာတဲ့ ဘုရင်ဟာ တိုင်းပြည်အားလုံးကို စုစည်းပြီး ငြိမ်းချမ်းစေလိမ့်မယ်လို့ပါပါတယ်။ ဒီဟောကိန်းဟာ သူ့ကိုပြောတာပဲလို့ ယုံကြည်ထားတဲ့ ဘုရင်ကာဟယ်ကီလီဟာ တိုင်းပြည်တွေကို သိမ်းဖို့ကြိုးစားပါတော့တယ်။
ဒါကို သွေးမြေကျရတာတွေမကြိုက်တဲ့ ကာအီရားနာက ကူညီမလား ဘယ်လိုတားဆီးဖို့ ကြိုးစားမလဲဆိုတာ ဆက်ကြည့်သွားရမှာပါ။