ဒီရုပ်ရှင်ရဲ့ အဓိကအားသာချက်ကတော့ ရယ်စရာအရမ်းကောင်းတဲ့ဟာသ တွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် Marlon Wayans ရဲ့ လူကြီးမျက်နှာနဲ့ ကလေးကိုယ်ခန္ဓာပုံစံ ဖန်တီးမှုဟာ ရူးသွပ်မှုအပြည့်နဲ့ ရယ်စရာကောင်းပါတယ်။ ဖခင်နေရာက သရုပ်ဆောင်တဲ့ Shawn Wayans နဲ့ ကယ်လ်ဗင်ရဲ့ အဆက်မပြတ် ရိုက်နှက်/အော်ဟစ်မှု တွေကဇာတ်လမ်းကို အဆုံးထိ ဆွဲခေါ်သွားပါတယ် ။
ဒီဇာတ်ကားကဇာတ်ကွက်ထက် ဟာသမြင်ကွင်းများဖြင့်သာ စီထားသော ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ် အရမ်းစဉ်းစားစရာမလိုဘဲ အားပါးတရရယ်ရမယ့် ဟာသကားကို ကြိုက်နှစ်သက်ပါက၊ လူပုလေး က ကြည့်သင့်သော ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။