ဘိုကူရှီ(Jamie Foxx)ဟာ အမေရိကန်စစ်ပြန်တွေကို စုဆောင်းပြီး ဂရိုဂရမ်လို့ ခေါ်တဲ့အဖွဲ့တစ်ခု တည်ထောင်ထားပါတယ်။ အစပိုင်းမှာ ပရိုဂရမ်ရဲ့ရည်ရွယ်ချက်ဟာ PTSD ဝေဒနာခံစားနေရတဲ့ စစ်ပြန်တွေကို ကူညီဖို့ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘိုကူရှီဟာ အစွန်းရောက်သွားပြီး စစ်ပြန်တွေကို အစိုးရကဂရုမစိုက်ဘူးဆိုပြီး ပရိုဂရမ်အဖွဲ့ကို ဦးနှောက်ဆေးကာ အစိုးရကို တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။
နက်ရှ်ကာဗန်နာ့ (Scott Eastwood)ကတော့ အမေရိကန်စစ်ပြန်တစ်ယောက်ဖြစ်ပြီး PTSD ဝေဒနာကို ခံစား နေရသလို ကားမတော်တဆမှုတစ်ခုမှာ ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရတာကြောင့် လေလွင့်ပြီး ဘဝကိုဖြစ်သလိုနေထိုင်နေသူဖြစ်ပါတယ် ။ တစ်ရက်မှာတော့ သူ့ကို အီမန်နျူရယ်အက်ရှဘန်း(Robert De Niro)ဆိုသူက ချဉ်းကပ်လာပြီး ဘိုကူရှီရဲ့ခြံဝန်းကို ဝင်စီးမယ့်အစီအစဉ်မှာ ပါဝင်ဖို့ စည်းရုံးလာပါတယ်။
အစပိုင်းမှာ နက်ရှ်ကငြင်းဆိုခဲ့ပမယ့် သူ့ရဲ့ဆုံးပါးသွားတဲ့ဇနီးသည်ဟာ ဘိုကူရှီရဲ့ခြံဝန်းထဲမှာ အသက်ရှင်လျက်ရှိနေနိုင်ကြောင်း အက်ရှ်ဘန်းကပြောလာတဲ့အခါမှာတော့.. အက်ရှ်ဘန်းက ဘာလို့ဘိုကူရှီကို ဖမ်းချင်နေရတာလဲ.. ဘာလို့ သူ့အစီအစဉ်မှာ နက်ရှ်လို လေ့လွင့်နေတဲ့စစ်ပြန်တစ်ယာက်ကို ပါစေချင်ရတာလဲ ..
နက်ရှ်ရဲ့သေသွားပြီဖြစ်တဲ့ဇနီးကကော တကယ်ပဲ အသက်ရှင်နေတာလား.. နက်ရှ်နဲ့ ဘိုကူရှီ၊ အက်ရှ်ဘန်းနဲ့ ဘိုကူရှီတို့ရဲ့ဆက်နွယ်မှုတွေကကော ဘယ်လိုဖြစ်နေမလဲ..ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။)