ဒီဇာတ်ကားကို US က တချို့ရုံတွေမှာ Dec 6 2024 ထဲက စတင်ပြသခဲ့တာဖြစ်ပေမဲ့ April 25 2025 မှ ကမ္ဘာတစ်ဝှမ်းမှကြည့်ရှုခွင့်ရတာဖြစ်ပါတယ်။
ဇာတ်ကားအညွှန်း
ပိုင်အန်းက မြေအောက်မူးယစ်ဇ်ဂိုဏ်းတွေကြောင့် အသတ်ခံလိုက်ရတဲ့ သူ့ဇနီးနဲ့သမီးဖြစ်သူအတွက် လိုက်ပြီးလက်စားချေဖို့လုပ်ပါတယ်။ဇနီးနဲ့သမီးဖြစ်သူပါအသတ်ခံလိုက်ရတဲ့အပြင် ပိုင်အန်းကိုပါ လူသတ်သမားဆိုပြီး စွပ်စွဲကာ ဝရမ်းစာပါထုတ်လာပါတော့တယ်။
ဇနီးဖြစ်သူရဲ့ကုမ္ပဏီပိုင်ရှင်က မူးယစ်ဂိုဏ်းတွေနဲ့အဆက်အစပ်ရှိနေတယ်လို့ သံသယဝင်ကာ ဇနီးဖြစ်သူကိုနှုတ်ပိတ်ဖို့ လုပ်တာဆိူပြီး တစ်ထစ်ချယူံကြည်ပြီး လက်စားချေဖို့လူပ်ပါတော့တယ်။
ဝရမ်းပြေးတစ်ယောက်အနေနဲ့ ပုန်းလျှိုးကွယ်လျှိုးသွားနေရင်း အာဏာကြီးတဲ့မြေအောက်မူးယစ်ဂိုဏ်းတွေကို ဘယ်လိူလက်စားချေလဲဆိုတာကို အမိုက်စားအက်ရှင်ဆန်ဆန်ပြကွက်တွေနဲ့အတူ ထိုင်းမွေ့ထိုင်းအကွက်တွေပါကြည့်ရှုရမှာဖြစ်လို့ အက်ရှင်ကြိုက်သူတွေအတွက် ကြည့်မိလို့နောင်တမရစေမဲ့ကားလေးဖြစ်ပါတယ်။