⭐️7.1
ဒါလေးကတော့ IP Man မင်းသားကြီး Donnie Yen ကို အငြိမ် character နဲ့တွေ့ရမယ့် ရှေ့နေကားကောင်းလေးပါပဲ။
တရားစွဲဆိုရေးဌာနက အမှုစစ်တစ်ယောက်ရဲ့ စွဲချက်ခိုင်မာမှုနဲ့ ပညာစွမ်းက တစ်ဖက်ရှေ့နေရဲ့ ပါးနပ်မှုအောက်မှာ ပျောက်ကွယ်ရတဲ့အခါ ဖမ်းမိပြီးတဲ့ ရာဇ၀တ်သားကို တရားခွင်ကျမှ လွှတ်လိုက်ရတာကိုမြင်ရတဲ့ ရဲအရာရှိ ဖော်ချီဟိုဟာ ရဲအလုပ်က ထွက်ပြီး တရားရေးရှေ့နေဘက်ကို ၀င်ခဲ့ပါတယ်။
တရားရေးအမှုစစ်ရှေ့နေအဖြစ်သူလိုက်ရမယ့်ပထမဆုံးအမှုကတော့ မူးယစ်ဆေးရောင်း၀ယ်ဖောက်ကားမှုရဲ့ တရားခံလူငယ်လေးနှစ်ယောက်ပါ။ အချုပ်ကျနေတဲ့ ၃ လတာကာလအတွင်း ပြစ်မှုမှတ်တမ်းမရှိတဲ့ ပထမတရားခံက အပြစ်ရှိကြောင်း ပြန်လည်ဖြောင့်ချက်ပေးလာပြီး တရားခံရှေ့နေကိုယ်တိုင်က ဒုတိယတရားခံနဲ့မသက်ဆိုင်ကြောင်း စွဲချက်ရုတ်သိမ်းပေးဖို့ပြောလာတဲ့အခါ…
တရားမျှတမှုလိုချင်လို့ ရှေ့နေလုပ်ခဲ့တဲ့ရဲနဲ့..တရားရေးဌာနရဲ့ အတွင်းက ရှုပ်ထွေးမှုတွေကို…အမှုစစ်အဖြစ် ဖော်ချီဟိုတစ်ယောက်ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ…..
Donnie Yen ကို အမြင်တမျိုးနဲ့ ရှုစားရမယ့် ကြည့်ကောင်းတဲ့ကားတစ်ကားဖြစ်ကြောင်းညွှန်းရင်း တင်ဆက်ပေးလိုက်ရပါတယ်။