⭐️7.2
ဇာတ်လမ်းအစမှာတော့ အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားက ရီဘွန်ဟီး (Bae Doona) နဲ့ တောင်ကိုရီးယားက ဟျွန်းဂျောင်ဟွာ (Ha Ji Won) တို့က စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘွန်ဟီးကရှုံးသွားခဲ့ပြီး ဂျောင်ဟွာကလည်း တရုတ်အသင်းရဲ့ ကစားသမားနဲ့ထိပ်တိုက်တွေ့ရာမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။
၆လအကြာမှာတော့ ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ကို ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ရဖို့ဖြစ်လာပြီး
တောင်နဲ့မြောက်ကိုရီးယားအဖွဲ့ကို တစ်ဖွဲ့တည်းအနေနဲ့ပေါင်းစည်းယှဉ်ပြိုင်စေဖို့ အစိုးရတွေကြားမှာ ဆုံးဖြတ်ချက်ချခဲ့တဲ့အခါ ..
သူတို့အချင်းချင်းကြားမှာ နားလည်မှုလွဲ အဆင်မပြေတာတွေကနေ သံယောဇဉ်တွေ ဖြစ်ပေါ်လာမလား…။
တောင်မြောက် ပေါင်းစည်းခြင်းအဖွဲ့အနေနဲ့ရော ပြိုင်ပွဲမှာ အနိုင်ရသွားမလားဆိုတာ ဇာတ်လမ်းလေးကနေတစ်ဆင့် ကြည့်ရှုကြည့်ပါနော်။
ဒီဇာတ်လမ်းလေးကတော့ ၁၉၉၁ ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်မှာ ပထမဆုံးအကြိမ် တောင်မြောက်ပေါင်းစည်းပြီး ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ကြတဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။
မင်းသမီးကြီးတွေနဲ့ပဲဆိုတော့ acting တွေကလည်း ထိမိလို့…။
IMDb လည်း 7.2 ရှိတာကြောင့် sport drama တွေ သဘောကျတဲ့သူဆို မဖြစ်မနေ ကြည့်ကြည့်ပါနော်။