⭐️6.9
ဒီတစ်ခါမှာတော့ La Femme Nikita လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကို မှီငြမ်းရိုက်ကူးထားတဲ့
ရုပ်ရှင်လေးမှာ
Arthdal Chronicles ထဲက မင်းသမီးကြီး Kim Ok Bin၊ Beyond Evil ထဲက မင်းသားကြီး
Shin Ha Kyun၊ Island ထဲက မင်းသားချော Sung Joon၊ SKY Castle ထဲက မင်းသမီးကြီး
Kim Seo Hyung တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းကိုတော့ လူမိုက်တစ်အုပ်ကို တစ်ယောက်တည်းနဲ့ အပြတ်ရှင်းခဲ့တဲ့ ဆုဟီးတစ်ယောက်
ကိုးရီးယားသူလျှိုအေဂျင်စီကို ရောက်လာခဲ့တာနဲ့ စထားပြီး
အဲဒီအချိန်မှာ ကိုယ်ဝန်ရှိနေပြီ ဖြစ်တဲ့ ဆုဟီးဟာ အေဂျင်စီရုံးချုပ်မှာပဲ အွန်းဟယ် ဆိုတဲ့ ကလေးလေးကို မွေးဖွားခဲ့ပါတယ် ။
အဲဒီနောက် အေဂျင်စီကနေ ဆုဟီးကို plastic surgery လုပ်ကာ ချယ်ယွန်းဆူ ဆိုတဲ့ နာမည်အသစ်
တစ်ခုပေးပြီး အပြင်လောကကို မစ်ရှင်အတွက် လွှတ်လိုက်ပါတော့တယ် ။
ယွန်းဆူ အိမ်အသစ်ကို စပြောင်းလာတဲ့နေ့မှာပဲ ဘေးအခန်းကိုလည်း တိုက်တိုက်ဆိုင်ဆိုင်ပြောင်းလာတဲ့
ဂျောင်ဟျွန်းဆူနဲ့ မိတ်ဆွေတွေဖြစ်ရာကနေ မိသားစုလေး တစ်ခု ထူထောင်ဖို့ ဖြစ်လာခဲ့ပါတယ် ။
ဒီလိုနဲ့ သူတို့ လက်ထပ်ပွဲနေ့မှာ ယွန်းဆူအတွက် မစ်ရှင်တစ်ခု ရောက်လာတဲ့အခါ အဲဒီ မစ်ရှင်ရဲ့ ပစ်မှတ်က ဘယ်သူလဲ ။
ယွန်းဆူ မဖြစ်ခင် ဆုဟီးမှာ ဘယ်လို နောက်ကြောင်းတွေ ရှိခဲ့တာလဲ ။
ဟျွန်းဆူနဲ့ရော သာယာတဲ့ မိသားစုဘဝလေးကို ထူထောင်သွားနိုင်မှာလားဆိုတာကို သည်းထိပ်ရင်ဖို
အက်ရှင်ကားကောင်းကိုဆက်လက်ကြည့်ရှုဖို့ အကြံပေးပါရစေနော် ။