⭐️6.0
CIA အတွက်လုပ်ပေးနေတဲ့ ကြေးစားအေးဂျင့်နှစ်ယောက်ဖြစ်တဲ့ အမ်မလီနဲ့ မတ်တို့ဟာ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး ချစ်ကြိုက်မိသွားခဲ့ပါတယ်
တစ်နေ့မှာတော့ မာဖီးယားဂိုဏ်းတစ်ခုကနေ မာစတာသော့ကိုခိုးဖို့ အကြောင်းဖန်လာပြီး သော့ခိုးလာအပြီး အပြန်လေယာဥ်မှာ အမ်မလီက မတ်ကို ကိုယ်ဝန်ရှိနေကြောင်းပြောပြနေရင်းမှာပဲ လုပ်ကြံရေးသမားတွေရောက်လာပြီး သော့လာလုကြပါတယ်
လေယာဥ်ပျက်ကျပြီး အသက်ရှင်ခဲ့တဲ့အခါ အမ်နဲ့ မတ်တို့နှစ်ယောက်သား မိသားစုဘဝလေးကို တည်ထောင်ဖို့ ပေါက်ကွဲမှုမှာ သေဟန်ဆောင်ပြီး ထွက်ပြေးလာကြပါတယ် ၁၅ နှစ်ကြာအပြီးမှာတော့ ကလေးတွေနဲ့ မိသားစုဘဝလေးဖြတ်သန်းနေချိန်မှာ မမျှော်လင့်တဲ့ ရန်သူဟောင်းတွေက ပေါ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြမလဲ
ကလေးတွေကရော သူတို့မိဘတွေဟာ စပိုင်တွေဖြစ်ကြောင်း သိသွားကြမလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ action drama ကားလေးဖြစ်ပါတယ်။
IMDB Rating : 6/10 အထိ ရရှိထားပါတယ်