⭐️5.7
ဒီတစ်ခါမိတ်ဆက်ပေးမယ့်ကားလေးကတော့ Ter နဲ့ Daou တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 404 Run Run ဆိုတဲ့ ထိုင်းသရဲကားလေးပဲဖြစ်ပါတယ်။
IMDb rating 5.9/10 ရရှိထားပြီး ထိုင်းဟာသသရဲကားတွေရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်အပြင် ထိတ်လန့်စရာဇာတ်ကွက်အချို့ကိုလည်း ထည့်သွင်းရိုက်ပြထားပါသေးတယ်။
ဇာတ်လမ်းလေးထဲမှာတော့ နက်ရုတ်ဆိုတဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်က လူမနေတော့တဲ့အိမ်အစုတ်တွေကို ပြင်ဆင်ပြီး လူတွေကို ဂျင်းထည့်ပြီး လိုက်ရောင်းတဲ့သူပါ။
ဒါပေမယ့် သူကိုယ်တိုင်က သရဲရှိနေတဲ့ ဟိုတယ်ကို ဂျင်းထည့်ရောင်းခံလိုက်ရတဲ့အခါ သူ့ရဲ့ခက်ခက်ခဲခဲဝယ်ထားတဲ့ ဟိုတယ်ကို လက်လျှော့မှာလား။
ဘယ်သူမှ အနားမကပ်ရဲကြတဲ့ သရဲခြောက်ကြမ်းတဲ့ဟိုတယ်ကြီးရဲ့ ရာဇဝင်ကရော ဘယ်လိုတွေ ရှိခဲ့တာလဲ။
အဆုံးမှာ သရဲမနဲ့ ခေါင်းမာတဲ့ နက်ရုတ် ဘယ်သူက ဒီဟိုတယ်ကို အပိုင်ရရှိလာမှာလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။