⭐️8.0
နှစ်ထပ်ရေခဲမုန့်ဇာတ်ကားလေးတင်ဆက်ပေးပါရစေ။ Double scoop ဆိုတာကနှစ်ထပ်ရေခဲမုန့်ကိုခေါ်တာပါ။
နှစ်ထပ်ရေခဲမုန့်ဆိုတော့ အရသာနှစ်မျိုးကိုကိုယ့်စိတ်ကြိုက်ပေါင်းပြီးစားကြည့်လို့ရတာမျိုးပါ။
အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလဲဒီလိုအရသာမတူတဲ့လူနှစ်ယောက် ဘယ်လိုပေါင်းဖက်ပြီးလိုက်ဖက်ကြမယ်ဆိုတဲ့
အဓိပ္ပာယ်ပါပဲ။ Romance Movie လေးဖြစ်ပြီးတော့ IMDB 6.1 ရထားတာဆိုတော့ကြည့်လို့ကောင်းတဲ့အချစ်ကားလေးပါပဲ။
ဇာတ်လမ်းအကျဉ်းလေးကတော့ Toxic ဖြစ်လွန်းတဲ့ဈေးကွက်ရှာဖွေရေးကုမ္ပဏီကနေရုန်းထွက်ပြီး သူသဘောကျတဲ့ကုမ္ပဏီကို
အရဲစွန့်ပြီးပြောင်းရွှေ့သွားတဲ့နိုရာဆိုတဲ့ကောင်မလေးတစ်ယောက်။ ကုမ္ပဏီအသစ်ဆိုတော့
အခက်ခဲတွေအများကြီးနဲ့ကြုံနေရာမှသူငယ်ချင်းဖြစ်သူနဲ့ စကားပြောကြရင် အရမ်းစားလို့ကောင်းတဲ့
ရေခဲမုန့်ကိုရှာတွေ့သွားပါတယ်။ ဒါနဲ့အဲဒီရေခဲမုန့်လုပ်ငန်းကိုလိုက်စုံစမ်းရာကနေရေခဲမုန့်လုပ်ငန်းအတွက်
ဈေးကွက်ဖြန့်ချီပေးမဲ့သူမရှိတာကိုသတိထားမိပြီးသူတို့ကုမ္ပဏီအသစ်အတွက် ဒါဟာမျှော်လင့်ချက်ရောင်ခြည်လေးဖြစ်လာပါတယ်။
ဒါနဲ့ပဲသူမှရဲ့ဘော့စ်ဖြစ်သူက ဒီရေခဲမုန့်လုပ်တဲ့နယ်မြို့လေးကိုသွားပြီးပိုင်ရှင်တွေနဲ့စကားပြောခိုင်းခဲ့ရာ အဲ့ဒီနယ်မြို့လေးမှာပဲ
Toxic ဖြစ်တဲ့ကုမ္ပဏီကသူနဲ့မတည့်တဲ့ လုပ်ဖော်ကိုင်ဖက်အဟောင်းနဲ့ဆုံကြပါတော့တယ်။ နဂိုကတည်း
မတည်တဲ့သူနှစ်ယောက် အလုပ်တစ်ခုကိုအပြိုင်လုကြမယ်ဆိုရာမှ ဖြစ်ချင်တော့အဲ့ဒီရေခဲမုန့်လုပ်တဲ့လုပ်ငန်းမှာ
ပြဿနာလေးတစ်ခုဖြစ်သွားတဲ့အတွက် သူတို့နှစ်ယောက်
တစ်ပတ်လောက် မတည့်အတူနေဖြစ်သွားကြပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်အဲ့ဒီနယ်မြို့လေးမှာပဲ
အတူတူနေကြရင်း တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့အချက်တွေ
ကောင်းကွက်တွေကို ဘယ်လိုတွေသိမြင်လာကြမလဲဆိုတာတော့ဆက်လက်ကြည့်ရှုအားပေးကြပါဦး