⭐️6.5
နိတ်ဂန်း ကားရဲ့ နောက်ဆုံးကားပါ။
ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ ဖရန့်ဒရက်ဘင်ကြီး ရဲလောကက အနားယူ သွားပါပြီ။
ဂျိမ်းနဲ့လည်း ပြန်အဆင်ပြေ သွားပြီဖြစ်လို့ နှစ်ယောက် အေးဆေးတဲ့ဘဝလေးတစ်ခုကိုထူထောင်နေကြပါပြီ။
ဂျိမ်းကလည်း ကလေးလေးတစ်ယောက် ယူပြီး အေးဆေး နေချင်နေတဲ့ အချိန်ပေါ့ အဲ့အချိန်မှာပဲ ရဲဋ္ဌာနမှာ ဗုံးဖေါက်ခွဲမှု့နဲ့ပတ်သတ်လို့
အရေးတကြီး ဖရန့်ရဲ့ အကူအညီကိုတောင်းခံပါတယ်။
ဒါပေမဲ့ ဖရန့်က ရဲ အလုပ် လုံးဝမလုပ်တော့ပါဘူး လို့ ဂျိန်းကိုကတိပေးထားပြီးသားပါ။
သို့ပေမဲ့ ဝါသနာ ဗီဇဆိုတာဖျောက်ရခက်တော့လည်း ကူညီမိရာကနေ ဂျိမ်းတစ်ယောက် စိတ်ဆိုးပြီး ဖရန့်ဆီကနေ
ထွက်သွားပါတော့တယ်။
ဒီတော့ ဖရန့်လည်း စိတ်နှစ် ပြီး ရဲ အလုပ်ဆက်လုပ်တာပေါ့။
ဖရန့်ရဲ့ တာဝန်က ဒီလိုပါ ဗုံးဖောက်ခွဲမှု့ အကြီးစားတစ်ခု လုပ်မယ်လို့ သတင်း ရရှိပါတယ် အဲ့ ဖောက်ခွဲမှု့ကိုလည်း ထောင်ထဲရောက်နေတဲ့
ရိုကို ဆိုတဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ဦးက ကြိုးကိုင်နေတာဖြစ်လို့ အချက်အလက် အားလုံးသိရအောင် ဖရန့်တစ်ယောက်
ထောင်ကျ အနေနဲ့ ဟန်ဆောင်ပြီး ထောင်ထဲမှာ ရိုကို တို့နဲ့ ပေါင်းပြီး စုံစမ်းပါတယ်။
ဒီလိုနဲ့ ရိုကို တို့ အလိုကျ ထောင်ဖောက်ကူပြီး ထွက်ပြေးခဲ့ကျပါတယ်။ ဒီကနေ ဆက်သိရတာက ရိုကို ဖောက်ခွဲဖို့ ကြံနေတာက ရုပ်ရှင်
အကယ်ဒမီပေးပွဲကိုပါ။
တစ်ကမ္ဘာလုံး ကြည့်နေတဲ့ ဒီပွဲမှာ အမေရိကန် သိက္ခာကျအောင်ပေါ့။ ရုပ်ရှင် ထူးချွန် ကြေငြာမဲ့ စာအိတ်ထဲမှာ ဗုံးကို ထည့်ပြီး
ဖောက်ခွဲမှာပါ။
ဒါပေမဲ့ ဆုပေါင်းက ၇၀ ကျော်လို့ စာအိတ်ပေါင်း ၇၀ ရှိပါတယ်။ အဲ့ ၇၀ ထဲကနေ ဖရန့် တစ်ယောက်၏ ဗုံးပါတဲ့ စာအိတ်ကို ရှာရမှာပါ။
ဒါ့အပြင် ရုပ်ရှင် သရုပ်ဆောင်တွေကိုသာ သီးသန့် ဖိတ်တဲ့ ဒီပွဲကို ဖရန့် တစ်ယောက် သာမန်လူ အနေနဲ့ ဝင်ရမှာပါ။
ဖရန့်တစ်ယောက် ဒီဗုံးကိစ္စ ကို ဘယ်လို ဖြေရှင်းမလဲ ဘယ်လိုတွေလွဲမလဲ ဆိုတာကို ရယ်ရယ် မောမောနဲ့ ကြည့်ရှု့လိုက်ကျပါအုံးလားဗျာ။