Ad P1
Ad P2

Contract Killer (1998)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


ဒီကားလေးကတော့ စိတ်ဝင်စားစရာကောင်းပြီးတော့ action အပြည့်နဲ့ ကြည့်ရတာဆွဲဆောင်မှုရှိအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း‌လေးရဲ့ အကြောင်းအရာကတော့ ဟောင်ကောင်မှာ လူသတ်သမားတွေရဲ့ဘုရင်ဆိုတဲ့သူဟာ နာမည်ထွက်နေပြီး သူ့နာမည်က Killing Angel ဖြစ်ပါတယ်။တနေ့မှာ ဟောင်ကောင်ကို ဆူကာမိုတို လို့ခေါ်တဲ့ ဂျပန်ရာကူဇာဂိုဏ်းဆရာကြီးတစ်ယောက်ဟာ ရောက်လာပြီးတော့ အနားယူနေပါတယ်။ ဒီလိုနဲ့ပဲ Killing Angel ဟာ သူ့ကိုသတ်ဖို့အတွက် သူနေတဲ့ဇိမ်ခံအဆောင်ကို ဝင်ရောက်စီးနင်းပါတော့တယ်။ဆူကာမိုတိုဟာသူမသေခင်မှာဘဲ သူ့ကိုသတ်တဲ့သူကို ကလဲ့စားချေဖို့ အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံတန်တဲ့ ‌operation ကြီးတစ်ခုကို ထူထောင်ခဲ့ပါတယ်။ဒီ operation ကြီးဟာ ဆူကာမိုတိုကိုသတ်ခဲ့တဲ့သူကို ရှာတွေ့ပြီးသတ်နိုင်ခဲ့ရင် သူပုံအပ်ထားတဲ့ ၁၀၀ မီလီယံတွေကို အပိုင်ယူရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲကမ္ဘာအနှံက လူသတ်သမားတွေဟာစုပြီး ဒီဆုကြေးငွေကိုရဖို Killing Angel ကိုရှာပါတော့တယ်။ဒီလိုဖြစ်နေတဲ့ကိစ္စတွေကြားထဲမှာ ဖူ လို့ခေါ်တဲ့ ဒိုရဲ့ MC ဟာ ရွှေတြိဂံဒေသမှာစစ်မှုထမ်းခဲ့တဲ့ စစ်သားဟောင်းဖြစ်ပြီး လက်ရှိအမေကိုထောက်ပံ့ဖို့ ငွေလိုနေတဲ့အတွက်အလုပ်ရှာနေပါတယ်။ဒါနဲ့ပဲ နော် လို့ခေါ်တဲ့ အေးဂျင့်တစ်ယောက်ဟာ သူ့ကို ဒီမီလီယံ ၁၀၀ ဆုကြေးရမဲ့ operation ထဲကို‌ပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ Killing Angel ရဲ့ခြေရာခံဖိုကြိုးစားရင်း သူ့ရဲ့အေးဂျင့်ဟာတစ်မျိုးမျိုးဆက်နွယ်နေတာကိုသိပြီး ဖြစ်လာမဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလည်းဆိုတာ.....




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...