⭐️5.1
ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် 2025 ခုနှစ်မှာမှ ထွက်ထားတဲ့ G20 ဆိုတဲ့ အမေရိကန်ဇာတ်ကားလေးဟာ rating 5.1 နဲ့ ထွက်ရှိလာပါပြီ
ဇာတ်လမ်းထဲမှာဆိုရင် စစ်မှုထမ်းဟောင်းဖြစ်တဲ့ အမေရိကန် အမျိုးသမီးလူမဲသမ္မတဟာဆိုရင် တောင်အာဖရိကမှာ ကျင်းပတဲ့ G20 ညီလာခံကို သွားတက်ရင်းနဲ့ အကြမ်းဖက်သမားတွေ ရင်ဆိုင်ရတာကို အက်ရှင်အမိုက်စားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကဆိုရင် ဩစတေးလျစစ်သားဟောင်း အဲဝဒ်ရက်လစ်က သူရဲ့ကြေးစားတပ်ဖွဲ့တွေနဲ့အတူ ငွေကြေးစနစ်တွေကို ခိုးဖို့လုပ်နေသလိုမျိုးအမေရိကန် လူမဲအမျိုးသမီးသမ္မတက ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အကောင်အထည်ဖော်ဖို့ G20 အစည်းအဝေးမှာ တင်ပြပြီး ထောက်ခံချက်ရယူဖို့ ပြင်နေတာကနေ တောင်အာဖရိကမှာကျင်းပတဲ့ အစည်းအဝေးကို မိသားစုလိုက်သွားတက်ကြပါတော့တယ်။
အဲလိုသွားတက်ရင်းနဲ့ အကြမ်းဖက်သမားဖြစ်တဲ့ အဲဝဒ်ရက်လစ်က ကမ္ဘာခေါင်းဆောင်အယောက်၂၀ ရှိနေတဲ့ အစည်းအဝေးကို အနုကြမ်းစီး ခေါင်းဆောင် အယောက်၂၀ လုံးကို ဖမ်းထားပြီး တကမ္ဘာလုံးကို ခေါင်းဆောင်တွေ လုပ်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကမကောင်းကြောင်း၊ ခေါင်းဆောင်တွေ လိမ်နေကြောင်းတွေပြောပြီး သူ့ရဲ့ငွေကြေးစနစ်ကိုသာ ယုံသင့်ကြောင်းပြောပြီး ငွေတွေကို လိမ်လည်ဓားပြတိုက်တဲ့အခါ ခေါင်းဆောင်တွေက ဘယ်လိုတွေတုံပြန်မလဲ အကြမ်းဖက်တွေ လက်ထဲကနေ ဘယ်လိုလွတ်အောင် လုပ်မလဲဆိုတာ အက်ရှင်အမိုက်စားတွေနဲ့ ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။