Ad P1
Ad P2

High School Musical 2 (2007)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


Highschool Musical 2 မှာလည်း 1 တုန်းကလိုပဲ Zac Efron ၊Velanessa Hudgens တို့ဦးဆောင်ပြီး တစ်ခြားသရုပ်‌ဆောင်တွေလည်း အပြည့်အစုံပြန်ပါလာပါတယ်။ ဒီကားမှာတော့ ထရိုင်တို့ အိစ့်ဟိုက်ကျောင်းသားတစ်သိုက်ဟာ ကောလိပ်စရိတ်စုဖို့အတွက် နွေရာသီအားလပ်ရက်မှာ လာဗာစပရင်းကျေးလက်ကလပ်မှာ အလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ လာဗာစပရင်းရဲ့ပိုင်ရှင်က ထရိုင်ကို တစ်ဖက်သတ်ကြိုက်နေတဲ့ သူဌေးသမီးလေးရှာပေးရဲ့ မိဘတွေဖြစ်နေပါတယ်။ ဒီအခွင့်အ‌ရေးကို အသုံးချပြီးရှာပေးက ထရိုင်နဲ့နီးစပ်ဖို့ကြိုးစားသလို ကလပ်မှာ အလုပ်ဝင်နေတဲ့ ထရိုင်ရဲ့ချစ်သူ ဂါဘရီရယ်လာနဲ့ ထရိုင်ရဲ့သူငယ်ချင်းတွေကို ဖိနှိပ်ပါတော့တယ်။ ထရိုင်ကိုလည်း ကောလိပ်အတွက်စကောလားရှစ်တွေနဲ့ပါ ဖျားယောင်းတော့ ထရိုင်တစ်ယောက် စိတ်ယိုင်သလိုဖြစ်ပြီး ချစ်သူနဲ့သူငယ်ချင်းတွေကို ပစ်ထားမိသလိုဖြစ်ပါတော့တယ်။ ဒီလိုနဲ့ လာဗာစပရင်းရဲ့ရိုးရာဖြစ်တဲ့ အလုပ်သမားတွေ ပါဝင်ဆင်နွှဲကြတဲ့နွေရာသီ တဲ့လန့်ရှိုးကျင်းပချိန်မှာတော့ ထရိုင်နဲ့ရှာပေးကတစ်ဖက် ဂါဘရီရယ်လာနဲ့ သူငယ်ချင်းတွေကတစ်ဖက် ပြိုင်ကြရဖို့ဖြစ်လာပါတယ်။ ချစ်သူနဲ့သူငယ်ချင်းတွေရဲ့ စိတ်ကွက်မှုကို ခံလာရတဲ့ ထရိုင်အနေနဲ့ အမှားကိုသိပြီး ပြန်ပြုပြင်သွားနိုင်မလား၊တဲလန့်ရှိုးမှာကော ဘယ်သူအနိုင်ရသွားမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်တွေက ရေပန်းစားခဲ့တဲ့ လူငယ်အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပြီး သီချင်းကောင်းလေးတွေ အများကြီးမြိုင်မြိုင်ဆိုင်ဆိုင်ပါတာကြောင့် မလွတ်တမ်းကြည့်ရှု့သင့်တဲ့ကားလေး ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...