Ad P1
Ad P2

High School Musical (2006)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


High School Musical ရဲ့ ပထမဆုံးကားအဖြစ် ၂၀၀၆ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဒီဇာတ်ကားမှာတော့ Zac Efron နဲ့ Vanessa Hudgens တို့ ပါဝင်သရုပ်ဆောင်ထားပြီး အဆက်အဖြစ် Highschool Musical 2 နဲ့3လ ည်း ထွက်ရှိထားပါတယ်။ အထက်တန်းကျောင်းသားထရိုင် ဟာ နွေရာသီ Countdown Eve ရဲ့ ကာရာအိုကေပွဲမှာ ဂါဘရီရယ်လာနဲ့ တွေ့ဆုံပြီး သီချင်းတစ်ပုဒ်ကို တွဲဖက်ဆိုကြတာကနေ စဖွင့်ထားပါတယ်။ ကျောင်းဖွင့်ချိန်မှာတော့ ဂါဘရီရယ်လာက ထရိုင်ရဲ့ အိစ့်ဟိုက်ကျောင်းကို တိုက်တိုက်ဆိုင်ဆိုင်ပြောင်းရွှေ့လာပါတယ်။ ဂါဘရီရယ်လာကတော့ စာပေထူးချွန်သူတစ်ဦးဖြစ်ပြီး ထရိုင်ကတော့ ကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းရဲ့ကပ္ပတိန်တစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာကိုယ်စီဝါသနာပါရာကို အာရုံစိုက်‌နေတုန်း ကျောင်းကလုပ်တဲ့ဂီတပွဲမှာ audition ဝင်ဖို့ သူတို့နှစ်ဦးစလုံးစိတ်ပါဝင်စားလာပါတယ်။ ဒါပေမယ့် ကျောင်းသားအုပ်စုတွေအကြား stereotype တွေကြောင့် ဘယ်သူက ဘာလုပ်သင့်တယ်ဆိုတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။ ထရိုင်ရဲ့ ဘတ်စကတ်ဘောအသင်းနဲ့ ဂါဘရီရယ်လာရဲ့စာဂျပိုးသူငယ်ချင်းတွေက သူတို့နှစ်ဦးရဲ့ ဝါသနာထောက်ခံမပေးဘဲ လျှောက်လက်စလမ်းကိုပဲ ဆက်လျှောက်ဖို့ ဖိအားပေးကြပါတယ်။ ဒါပေမယ့် ထရိုင်နဲ့ဂါဘရီရယ်လာတို့က သူတို့ဖြစ်ချင်တာကို ဦးစားပေးဖို့ဆုံးဖြတ်ပြီး ဂီတပြိုင်ပွဲအတွက် audition ဝင်ကြပါတယ်။ ဒီကနေ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ High School Musical 1 ဟာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့ စိတ်ကူးတွေနောက်ကိုလိုက်ဖို့ လမ်းပြပေးတဲ့ဇာတ်လမ်းဖြစ်သလို၊ လူငယ်တွေအကြားမှာလည်း မျှော်လင့်ချက်နဲ့ လူသားသဘာဝကို ထင်ဟပ်စွာဖော်ပြထားတဲ့ ကားလေးဖြစ်ပါတယ်။ ဤကားကိုလည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း လူငယ်ဟာသအချစ်ဇာတ်လမ်းပရိတ်သတ်တွေအကြား ထင်ရှားခဲ့ပြီး သီချင်းကောင်းတွေ၊ ဇာတ်ကောင်တွေရဲ့ ငယ်ချစ်ဦးဇာတ်လမ်းနဲ့အတူ အချစ်၊ဂီတ၊အားကစား၊သူငယ်ချင်းသံယောဇဉ်စတဲ့အမှတ်တရတွေ ပြည့်နှက်နေတဲ့ ရုပ်ရှင်ကောင်းတစ်ခုဖြစ်တာကြာင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ကားလေး ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...