Ad P1
Ad P2

High School Musical 3: Senior Year (2008)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


Highschool Musical ရဲ့ ၃ကားမြောက်မှာလည်း ၁နဲ့၂က သရုပ်ဆောင်တွေ အစုံအလင်ပြန်ပါလာပါတယ်။ ဒီကားမှတော့ ထရိုင်နဲ့အိစ့်ဟိုက်က သူငယ်ချင်းတစ်သိုက်ဟာ စီနီယာတန်းပြီးဆုံးပြီး ကျောင်းတော်ကြီးကို ခွဲခွာရတော့မှာ ဖြစ်တာကြောင့် တက္ကသိုလ်တက်ရောက်ဖို့အတွက် လျှောက်လွှာတွေ အသီးသီးပြင်ဆင်နေကြပါတယ်။ ဒီအချိန်မှာပဲ တစ်သက်လုံံးဘတ်စကတ်ဘောအတွက် ရှင်သန်လာတဲ့ ထရိုင်ဟာ သူ့မှာနောက်ထပ် Passion တစ်ခုရှိနေမှန်းသိလာရပါတယ်။ ဒါပေမယ့် သူ့ကို အောင်မြင်တဲ့ ဘတ်စကတ်ဘောကစားသမားဖြစ်စေချင်တဲ့ ဖခင်ဖြစ်သူနဲ့ အချစ်ဆုံးသူငယ်ချင်းဒန်းဖို့တို့ကြောင့် အကြပ်ရိုက်ပြီး ရွေးချယ်ရခက်နေပါတယ်။တစ်ဖက်မှာလည်း ထရိုင်ရဲ့ချစ်သူ ဂါဘရီရယ်လာကလည်း စတန်းဖိုဒ့်တက္ကသိုလ်မှာ ဥပဒေကျောင်းဝင်ခွင့် ရသွားတာကြောင့် ထရိုင်ဟာ မူလရည်ရွယ်ထားတဲ့ အယ်ဘာတာတက္ကသိုလ်မှာ တက်ဖြစ်ခဲ့ရင် သူတို့က မိုင်ပေါင်းထောင်ချီ ဝေးကွာသွားတော့မှာပါ။ ဒီတော့ထရိုင်အနေနဲ့ မိသားစု၊သူငယ်ချင်းနဲ့ချစ်သူတို့ကြားမှာ အကောင်းဆုံးဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်ချသွားနိုင်မလား၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဘာကိုဦးစားပေးသွားမလဲ၊ တစ်သက်လုံးဦးစားပေးဖြစ်လာတဲ့ ဘတ်စကတ်ဘောကို ဝေးဝါးလာစေတဲ့ ထရိုင်ရဲ့နောက်ထပ်Passionဆိုတာကကောဘာလဲ ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားဟာ Highschool Musical Trilogy ရဲ့‌ နောက်ဆုံးကားဖြစ်သလို ဇာတ်လမ်းအရလည်း ထရိုင်နဲ့အိစ့်ဟိုက်ကျောင်းက သူငယ်ချင်းတစ်သိုက်ရဲ့ အထက်တန်းကျောင်းနောက်ဆုံးနေ့ရက်တွေကို ချယ်မှုန်းပြသထားပါတယ်။ High School Musical 3 ဟာ စာဒဏ်ကြောင့် အမှတ်တမဲ့ ပြီးဆုံးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ အထက်တန်းကျောင်းကနေ့ရက်တွေကို ပြန်လည်အမှတ်ရစေမှာဖြစ်သလို အထက်တန်းတက်ခဲ့စဉ်က ဆုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာကို ပြန်လည် မြင်ယောင်မိလာစေမယ့်ကားလေးလည်းဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...