Ad P1
Ad P2

The Naked Gun 2½: The Smell of Fear (1991)

Premium By Shine Design With Shroff Templates
Poster
⭐️6.8


ရဲဋ္ဌာနက ဗိုလ်လေး ဖရန့် ဒရက်ဘင် ပြန်လာပါပြီ။ ရှေ့ကားမှာ ဘုရင်မကြီးကိုကာကွယ် ပေးပြီး အမေရိကန်နိုင်ငံ ရဲ့ ဂုဏ်သိက္ခာကို ကယ်တင် ခဲ့တာကုအားလုံးသိပြီး ဖြစ်မှာပါ။ အဲ့ကားမှာ ဂျိန်း ဆိုတဲ့ မိန်းမပျိုလေးကိုတွေ့ပြီး ဖရန့် တစ်ယောက် ချစ်ကြိုက်မိပါတယ်။ ကျုပ်တို့ ရဲ့ လူလွဲ ကြီးက ဒီကိစ္စမှာတော့ မလွဲဘူးဆိုတာ သိလိုက်ကျမှာပါ။ ဒါပေမဲ့ သူတို့ လမ်းခွဲခဲ့ ရပါတယ်။ကျုပ်တို့ရဲ့ ဖရန့်ကြီးလည်း ကြေကွဲပေါ့။ ဒါပေမဲ့လည်း ရဲတစ်ယောက် ဖြစ်တာနဲ့ အညီ တာဝန် ဝတ္တရားတွေကလည်းရှိသေးတာကိုး။ ဒီတစ်ခါမှာတော့ နိုင်ငံ့အရေးနဲ့ ပတ်သတ် နေပါတယ် သမ္မတ က နိုင်ငံ့ အနာဂတ် စွမ်းအင် အတွက် ဒေါက်တာ မိုင်ဟိုင်မာ ဆိုတဲ့ ထိပ်တန်းသိပ္ပံ ပညာရှင်တစ်ယောက်ဆီကို အကြံဉာဏ်တောင်းပါတယ်။ ဒေါက်တာကလည်း အစီအရင်ခံတော့မလို့ပါပဲ။ ဒါပေမဲ့ ဒေါက်တာ မိုင်ဟိုင်မာက သဘာ၀ စွမ်းအင်ကိုသာ ဦးစားပေးတဲ့သူမို့ ရေနံအုပ်စု တွေနဲ့ နျုကလီးယားလုပ်ငန်းရှင်တွေက အဲ့အစီအရင်ခံတာကို တားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒေါက်တာ မိုင်ဟိုင်မာကို လူစားထိုးပြီး သဘာ၀ စွမ်းအင်က မကောင်းကြောင်း ပြောဖို့ပေါ့။ ဒါ့အပြင် ဒေါက်တာ တို့ နေရာမှာလည်း ဗုံးအခွဲခံရလို့ ဖရန့်က စုံစမ်းဖို့ တာဝန်ကျလာပါတယ်။ ဖရန့်တို့တစ်သိုက် ရေနံလုပ်ငန်းစု မှာ စုံစမ်းရင်း ဒေါက်တာ ကို ဖမ်းဆီး လူစားထိုးထားတာ သိရတာပေါ့။ ဒါပေမဲ့ ဖရန့်ကိုယ်တိုင်လည်း ဖမ်းဆီး ခံနေရပါပြီ။ ဒါဆို ဖရန့်တစ်ယောက် လွတ်မြောက် အောင်လုပ်ပြီး ယခုပဲ အစီအရင်ခံစာဖတ်ကြားမဲ့ ဒေါက်တာ အတု နေရာမှာ ဒေါက်တာ အစစ်ကို ဘယ်လို အစားထိုးမလဲ .... ဒါ့အပြင် အဲ့လို အစီအရင်ခံ တဲ့ အခမ်းအနား ကိုပါ ဗုံးခွဲမယ်ဆိုတဲ့ သတင်းအရ ဗုံးခွဲတာကိုကော ဘယ်လို တားမလဲ ဆိုတာကို ရယ်ရယ်မောမော နဲ့ ကြည့်ရမှာပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...