⭐️6.9
နာမည်ကျော်ဟာသရုပ်ဆောင် Kevin James ရဲ့ ထူးထူးခြားခြားအက်ရှင်ဇာတ်ကားပါပဲ။
Kevin James က ဟာသကားတွေရိုက်ပြီး ပေါက်ကရတွေလုပ်ပြတတ်တာနဲ့နာမည်ကြီးတဲ့သူက အခုဇာတ်ကားထဲမှာ ရယ်စရာတစ်ခုမှမလုပ်ဘဲ အတည်ပေါက်ကြီး ကြမ်းပြသွားတာပါ။
ပြီးတော့ သူ့မိန်းမနေရာသရုပ်ဆောင်ထားတဲ့သူကလည်း ခေသူမဟုတ်ဘူး။
နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်နဲ့ ဒီအက်ရှင်ဇာတ်ကားမှာ ရဲအရာရှိဟောင်းရေးဟာ မိသားစုနဲ့ကိုယ်ပိုင်စားသောက်ဆိုင်လေးဖွင့်ဖို့အတွက် အိမ်က လူတွေမသိအောင်
လူဆိုးဂိုဏ်းတစ်ခုအတွက် ခိုးပြီးအလုပ်လုပ်နေပေးခဲ့တာပါ။
ဒီလိုနဲ့ စားသောက်ဆိုင်လေးဖွင့်ဖို့ လက်ထဲငွေအလုံအလောက်ရလာခါမှ ဂိုဏ်းခေါင်းဆောင်က ရှင်းလင်းခံရလိုက်ပြီး ခေါင်းဆောင်အပြောင်းအလဲဖြစ်လာတဲ့အခါမှာတော့ ရေးတို့မိသားစုအပေါ်
ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲသူတို့မိသားစုအတွင်းက လျှို့ဝှက်ချက်တွေက ဘာတွေလဲဆိုတာ သိရဖို့ ကြည့်ရှုလိုက်ကြပါဦး။