Ad P1
Ad P2

The Naked Gun: From the Files of Police Squad! (1988)

Premium By Shine Design With Shroff Templates
Poster
⭐️7.3


ပရိတ်သတ် ကြီးကို အတော မသတ်အောင် ရယ်မောရမဲ့ ရဲဟာသ ကားလေး တစ်ကား တင်ဆက် ပေးလိုက်ပါတယ်ဗျာ။ ကျနော် တို့ ငယ်ငယ် က ခေါင်းဖြူ အဖိုးကြီး ကားဆိုပြီး ခွေဆိုင် တွေမှာ ားကြည့် ပြီးခွီခဲ့ရတာတွေကို မှတ်မိမယ် ထင်ပါတယ်။ အမြဲတမ်း တလွဲတွေ လုပ်ပြီး ရုပ်တည် ကြီးနဲ့ လည်း ဖြီးတက်သေးတဲ့ ကြွားရတာလည်း ဝါသနာပါတဲ့ ရဲဋ္ဌာနက ဗိုလ်လေး ဖရန့်ဒရက်ဘင်က ကျွန်တော့် ကလေးဘဝမှာ ကျေနပ် နှစ်သက်ခဲ့ရတဲ့ ဇာတ်ကောင်တွေ ထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီ ကား က နဂို 1982 က ထွက်ရှိခဲ့တဲ့ Police Squad ဆိုတဲ့ TV ဇာတ်လမ်းတွဲကို ပြန်ရိုက်ကူးထားတာဖြစ်ပါ တယ်။ ဒီပထမကားမှာတော့ ပရိတ်သတ် ကို ဖရန့် နဲ့ စတင် မိတ်ဆက်ပေးထားပြီး ဖရန့် ရဲ့ နေထိုင်ပုံ အလွဲတွေကို တင်ပြထားပါတယ်။ ဒီကားမှာတော့ အင်္ဂလန် ဘုရင်မကြီး လာရောက်လည် ပတ်တာကို လုံခြုံရေးတာဝန် ကျပါတယ်။ အဲ့အချိန်မှာပဲ ဖရန့်ရဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်တဲ့ နော့ဘတ်ဟာလည်း ဒဏ်ရာ အပြင်းအထန်ရပြီးဆေးရုံကို ရောက်သွားပါတယ်။ ဒီအချိန်မှာပဲ ဖရန့်ဟာ ဆက်စက် စဉ်းစားရင်း ဗင်းဆင့် ဆိုတဲ့ လူဆီကို ခြေရာခံမိပါတယ်။ သူလုပ်တယ်ဆိုတာ သိနေသော်လည်း လက်ဆုပ် လက်ကိုင် မပြနိုင် သက်သေ မရှိလို့ ဖမ်းဖို့ ခက်နေပြန်ပါတယ်။တစ်ဖက်မှာလည်း ဘုရင်မကြီးကို လုပ်ကြံဖို့ ဗင်းဆင့် က စီစဉ်နေတယ်ဆိုတာကို ခြေရာခံမိပါတယ် ဒါပေမဲ့ ဘယ်လို လုပ်ကြံမလဲ ဆိုတာကို မသိရသေးပါဘူး။ ဒီလိုနဲ့မှ ဘုရင်မကြီးကို ဘေ့စ်ဘောပွဲမှာ လုပ်ကြံမယ် ဆိုတာ သိရပါတယ်။ ဒါပေမဲ့ ဖရန့်က ဘုရင်မကြီးနဲ့ တွေ့ဆုံပွဲမှာ အလွဲလွဲတွေ လုပ်ခဲ့လို့ ရာထူးက ရပ်ထားခံရပါတယ်။ ဒါဆို ဥပဒေဘက်တော်သား အမှန်တရားဘက်တော်သား ဖရန့်တစ်ယောက် ဘုရင်မကြီးကို ဘယ်လို ကာကွယ်ဖို့ ကြိုးစားမလဲ နော့ဘတ်ရဲ့ ကိစ္စက တစ်ကယ်ပဲ ဗင်းဆင့် နဲ့ ဆက်စပ် နေလား ဆိုတာတွေကို ပါးစပ် မစေ့ပဲ ရယ်မော ကြည့်ရှု့ရမှာပါ IMDB 7.6 လည်း ရထားတာမို့ ဟာသကားတစ်ကားအနေနဲ့ တော်တော်မြင့်တဲ့ Rating လို့လဲ ပြော လို့ရပါတယ်။ ဒီကားလေး ကိုတော့ Missy မှ ဘာသာပြန်ပေးထားတာဖြစ်ပါတယ်ဗျာ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...