Superman (2025)

Premium By Shine Design With Shroff Templates
Poster
⭐️7.6


ဒါရိုက်တာ ဂျိမ်းစ်ဂန်းရိုက်ကူးတဲ့ ပထမဆုံး DC Universe (DCU) အခန်း(၁) ရုပ်ရှင် ထွက်လာပါပြီ။ ပရိသတ်တွေလက်ခံနိုင်တဲ့ စူပါမန်းရုပ်ရှင်ကောင်းတစ်ခုဖြစ်လာပါတယ်။မင်းသား David Corenswet၊ လိုးဝစ်အဖြစ် Rachel Brosnahan တို့ ကောင်းကောင်းသရုပ်ဆောင်ထားသလို ဗီလိန် လက်စ်လူသာနေရာကနေ Nicholas Hoult က အစွမ်းပြထားပါတယ်။ဇာတ်လမ်း၊ ရိုက်ချက် တွေ အဆင်ပြေသလို ဂရင်းလန်တန်၊ ဟော့ခ်ဂဲ၊ မစ္စတာထရစ်ဖစ်တို့လို ဇာတ်ကောင်တွေလည်း ပါဝင်ထားလို့ ကြည့်ရတာ မြိုင်ပါတယ်။ဇာတ်လမ်းအကျဉ်း – – လွန်ခဲ့သော ၃ ရာစုလောက်က ပထမဆုံး စူပါစွမ်းအားရှင်တွေဖြစ်တဲ့ မက်တာလူသားတွေဟာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်၊ နတ်ဘုရားများနှင့်မိစ္ဆာများရဲ့ခေတ် စတင်လာခဲ့ပါတယ်။– လွန်ခဲ့သော နှစ် ၃၀ လောက်ကတော့ အခြားဂြိုလ်က ကလေးတစ်ယောက်ဟာ အာကာသယာဉ်နဲ့ ကမ္ဘာပေါ်ကိုအပို့ခံလိုက်ရပြီး ကန်းဆက်လယ်သမားတွေက မွေးစားထားခဲ့ပါတယ်။– လွန်ခဲ့သော ၃ နှစ်က အဲဒီကလေးဟာ လူကြီးဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် စူပါမန်းအဖြစ် ကြေညာခဲ့ပါတယ်။ မက်တာလူသားအားလုံးထဲမှာ စွမ်းအားအကြီးဆုံးပါပဲ။– လွန်ခဲ့တဲ့ ၃ ပတ်တုန်းက စူပါမန်းဟာ ဘိုရေးဗီးရားနိုင်ငံက ဂျာဟန်ပူနိုင်ငံကို ကျူးကျော်မှာကို တားဆီးခဲ့ပြီး ကမ္ဘာအနှံ့မှာ အငြင်းပွားဖွယ်တွေ ဖြစ်စေခဲ့ပါတယ်။– လွန်ခဲ့တဲ့ ၃ နာရီက ဘိုရေးဗီးရားတူကြီးဆိုတဲ့ မက်တာလူသားတစ်ယောက်ဟာ မက်ထရိုပိုလိမြို့ထဲမှာ စူပါမန်းကို တိုက်ခိုက်ခဲ့ပါတယ်။– လွန်ခဲ့တဲ့ သုံးမိနစ်က စူပါမန်းဟာ ပထမဆုံးအနေနဲ့ တိုက်ပွဲရှုံးသွားပါပြီ။ဒီလို မိတ်ဆက်အနေနဲ့ စတင်ခဲ့ပြီး စူပါမန်းရဲ့ မဟာရန်သူ လက်စ်လူသာက စူပါမန်းကိုရှင်းပစ်ဖို့ ကြိုးစားချိန်မှာ စူပါမန်း ဘယ်လိုရန်သူတွေနဲ့ တိုက်ခိုက်ရမလဲဆိုတာ ဆက်ကြည့်ရမှာပါ။စူပါမန်းရဲ့ခွေးဖြစ်တဲ့ ခရစ်ပတိုကိုလည်း မိတ်ဆက်ထားတဲ့အပြင် role ကောင်းကောင်းပါ ပေးထားခဲ့ပါတယ်။ ကျန်တာကိုတော့ ဆက်ကြည့်လိုက်ကြပါဦး။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Mr. Anderson မှတင်ဆက်ထားပါတယ်။)




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬