⭐️6.6
ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ Action/Comedy
အမျိုးအစား ကားဟောင်း ကားကောင်းလေးပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Hospital Playlist ထဲက Jung Kyung-ho,Kim Yoon Seok,
Sun Woo Sun,Jina Kim စတဲ့ သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း
**** ကျေးလက်စီရင်စုတစ်ခုက လောင်းကစားစွဲနေတဲ့ စုံထောက် ဂျိုဖီးဆွန်း နွားလောင်းပွဲမှာ
သူနိုင်ထားတဲ့ နိုင်ကြေးတွေကို ဝရမ်းပြေး ဆုန်းဂီထယ်ယူသွားတာခံလိုက်ရပြီးတဲ့နောက် ဆုန်းဂီထယ်ကို ဖမ်းဖို့လုပ်ရာကနေ အလွဲလွဲအချော်ချော်ဖြစ်ပြီး အလုပ်ပါပြုတ်သွားကာ ဖွတ်မရ ဓားမ ဆုံးပါတော့တယ်။ဂျိုဖီးဆွန်းတစ်ယောက် ဆုန်းဂီထယ်ကို ဘယ်လိုဖမ်းသွားမလဲ နောက်ဆုံးမှာ သူ့ငွေတွေနဲ့ သူ့ဂုဏ်သိက္ခာကို
ပြန်ဆယ်လို့ ရနိုင်သွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ PanNu Thway က ရေးသားထားပါတယ်)