⭐️6.3
IMDB rating 6.3 ရထားတဲ့ Love/Romance ဇာတ်ကားလေးမှာ ဂရေ့စ်ဟာ မရေရာတဲ့ ယာယီအလုပ်တွေနဲ့ ဘဝကို ရုန်းကန်နေရသူပါ။
တကယ်တမ်း သူဖြစ်ချင်တာက စာရေးဆရာမတယောက်ဖြစ်ပြီး ပထမဆုံးစာအုပ်ထုတ်ဝေနိုင်ဖို့ အသည်းအသန်ကြိုးစားနေသူပါ။ဒါပေမဲ့ ဂရေ့စ်ဟာ အလုပ်နဲ့အိမ်ကို ခေါက်တုံ့ခေါက်ပြန့်သွားနေရသူဖြစ်တော့ သူရဲ့ကမ္ဘာလေးက သေးငယ်လွန်းပါတယ်။အပြင်လောကအကြောင်းသေချာမသိတော့ သူရေးသားတဲ့စာမူတွေက ထုတ်ဝေသူတွေကို မဆွဲဆောင်နိုင်ခဲ့ပါဘူး၊တဖက်မှာလည်း….ဂရေ့စ်ဟာ ညတိုင်း မိုက်ကယ်ဆိုတဲ့ သူစိမ်းအမျိုးသားတစ်ဦးနဲ့ပတ်သက်တဲ့ အိပ်မက်တွေကို ထပ်ခါထပ်ခါ မက်နေခဲ့တာပါ။ခင်ဗျားတို့ရော ကိုယ်မမြင်ဖူးတဲ့လူတယောက်ကို အိပ်မက်ထဲမှာ မြင်ဖူးကြလား။ဂရေ့စ်ကတော့ အဲဒီအမျိုးသားကို ၈ ညဆက်တိုက်မက်နေခဲ့တာပါ။ ပြီးတော့ မိုက်ကယ်ကလည်း သူ့အပေါ်အရမ်းကောင်းပြီး ဂရေ့စ်ကလည်း တဖြည်းဖြည်းစိတ်ဝင်စားလာခဲ့တယ်။ဒါပေမဲ့ ဒီအိပ်မက်တွေဟာ Dream Central ဆိုတဲ့ စိတ်ကူးယဉ်ဌာနတစ်ခုမှာ အလုပ်သင်ဝန်ထမ်းအလူရာရဲ့ အမှားကြောင့်ဖြစ်ပေါ်လာခဲ့တာပါ။အလူရာဟာ ဂရေ့စ်ရဲ့ အိပ်မက်ထဲမှာ မိုက်ကယ်ကို မတော်တဆ ထည့်သွင်းလိုက်မိတာကြောင့် ဂရေ့စ်ဟာ တကယ့်ဘဝမှာ တစ်ခါမှ မတွေ့ဖူးတဲ့ မိုက်ကယ်ကိုအိပ်မက်ထဲမှာ ထပ်ခါထပ်ခါ တွေ့နေရပါတယ်။တစ်နေ့မှာ ဂရေ့စ်ဟာ မိုက်ကယ်နဲ့ တကယ့်ဘဝမှာ မထင်မှတ်ဘဲ တွေ့ဆုံသွားတဲ့အချိန်မှာတော့….