Ad P1
Ad P2

The Lucky One (2012)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


ရိုမန့်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် နာမည်ကြီး Romance ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။The Lucky One ရုပ်ရှင်ဟာ နာမည်ကျော်အချစ်ဝတ္ထုရေးဆရာကြီး Nicholas Sparks ရဲ့ The Lucky One ဆိုတဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အထူးသဖြင့် လူငယ်မိန်းကလေးများကြားမှာ အတော်လေးရေပန်းစားပြီး တော်တော်များများလဲသိကြတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လိုဂန်ဟာ အီရတ်မှာ စစ်မှုထမ်းနေတုန်း မိန်းမချောတစ်ယောက်ရဲ့ဓာတ်ပုံကို ရှာတွေ့ခဲ့ပါတယ်။စစ်ထဲမှာစိတ်ထိခိုက်နေခဲ့ပြီး စိတ်ကူးတည့်ရာလျှောက်လုပ်ရင်း ဒီဓာတ်ပုံထဲက မိန်းကလေးကို လိုက်ရှာဖို့ကြိုးစားပါတော့တယ်။ဓာတ်ပုံထဲက ကောင်မလေးကို သူတစ်ခါမှလဲမမြင်ဖူးသလို နာမည်တောင်မသိပါဘူး။သူ့မှာ ဒီမိန်းကလေးနဲ့ပတ်သက်တာဆိုလို့ ဒီဓာတ်ပုံတစ်ပုံထဲရှိတာပါ။ဓာတ်ပုံတစ်ပုံကနေ လိုဂန်တစ်ယောက် ကောင်မလေးကိုဘယ်လိုရှာမလဲ၊ ရှာတွေ့ရင်ရော ကောင်မလေးရဲ့အခြေအနေက ဘယ်လိုမျိုးလဲ၊ဘာအခက်အခဲတွေကြုံတွေ့ရနိုင်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စီးမျောရင်း ခံစားလိုက်ကြပါ။နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Zac Efron က လိုဂန်အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပြီး မင်းသမီးကလဲ အလှအပလေးဖြစ်တာကြောင့်အမျိုးသမီးထုကြီးရော အမျိုးသားထုကြီးပါ လက်မလွှတ်တမ်း ဘူးသင့် အဲလေ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...