Ad P1
Ad P2

Day Shift (2022)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့…




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...