Ad P1
Ad P2

Zombie for Sale (2019)

Premium By Shine Design With Shroff Templates
Poster
⭐️6.7


အခုတစ်ခါမှာတော့ ဇွန်ဘီကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် ဂေါ်ဖီထုပ်စားတဲ့ ဇွန်ဘီရယ်လို့ အရမ်းနာမည်ကြီးခဲ့တဲ့ အူတက်အောင် ရယ်နေရမဲ့ ဇွန်ဘီဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ..သရုပ်ဆောင်တွေကတော့ မင်းသားကြီး Jung Jae Young ,Kim Nam Gil, Jung Ga Ram, ကေဒရမ်မာပရိသတ်‌တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင် Park In Hwan, မင်းသမီးလေး Lee Soo Kyung တို့ အဓိကပါဝင်ထားပါတယ် ။ဇာတ်လမ်းအညွှန်း******* အေးချမ်းတဲ့ရွာလေးမှာ ဓါတ်ဆီဆိုင်ဖွင့်ရင်း ဘဝရဲ့ ကျန်ရှိ‌နေတဲ့သက်တမ်းကို ဟာဝိုင်အီမှာ ကုန်ဆုံးဖို့ အမြဲစိတ်ကူးယဉ်နေတဲ့ ဘတ်မန်းဒေါ့ (Park In Hwan) မှာ သားကြီး ဘတ်ဂျွန်ဂူး (Jung Jae Young)၊ သားလတ်ဘတ်မင်ဂူး (Kim Nam Gil) ,အငယ်ဆုံးသမီးလေး ဘတ်ဟယ်ဂူး (Lee Soo Kyung) ဆိုတဲ့ အရွယ်ရောက်ပြီးသား သားသမီးသုံးယောက်ရှိပါတယ် ။သားသမီးသုံးယောက်လုံးက ကိုယ်စီကိုယ်စီ ပင်ပင်ပန်းပန်းနဲ့ ဘဝအတွက် ရုန်းကန်နေကြရရင်း တစ်နေ့ မိသားစုထဲမှာ တစ်ဦးတည်းသော ပညာတတ်ဘွဲ့ရဖြစ်တဲ့ သားအလတ် မင်ဂူးက ကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရလို့ မိသားစုရှိတဲ့ မွေးရပ်မြေကို ပြန်လာခဲ့ပါတယ် ။အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ရွာကို ထူးဆန်းတဲ့ ဇွန်ဘီတစ်ကောင် ရောက်လာပြီး ပတ်မွှေလို့ အေးအေးချမ်းချမ်းရှိနေတဲ့ ဘတ်မိသားစုလေးသာမက တစ်ရွာလုံးက ရွာသူ‌ရွာသားတွေပါ အကုန်လုံး ဗြောင်းဆန်သွားပါတော့တယ် ..။ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ တရားမဝင် စမ်းသပ်မှုကြောင့် မတော်တဆ တီထွင်လိုက်မိတဲ့ ဇွန်ဘီ , အဲဒီဇွန်ဘီကို အသုံးချပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဘတ်မိသားစု, ဗဟုသုတနည်းပါးပြီး ရိုးအတဲ့ရွာသူရွာသားတို့ ပေါင်းဆုံမိပြီး ဘယ်လိုတွေပွက်လောရိုက်နေမလဲဆိုတာကို .. ဒီဇွန်ဘီဟာသကားလေးထဲမှာ ရယ်မောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. ။ (အညွှန်းကို May Thet မှ ရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...