Ad P1
Ad P2

Midway (1976)

Premium By Shine Design With Shroff Templates
Poster
⭐️6.8


ဒီဇာတ်ကားက ဒုတိယကမ္ဘာစစ်မှာ ပစိဖိတ်စစ်ပွဲရဲ့ စစ်ရေးချိန်ခွင်လျှာကို ပြောင်းလဲသွားစေတဲ့ မစ်ဝေးတိုက်ပွဲကို ရိုက်ကူးထားတာ ဖြစ်တယ်။အချိန်ကာလကတော့ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆လအကြာ… ရေတပ်ဗိုလ်ချုပ်ကြီး နီမစ်ဇ် ဦးဆောင်တဲ့ အမေရိကန်ရေတပ်ဟာ အတော်လေးကိုမှ အခက်တွေ့နေခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘောတွေကို မနည်းပြင်ဆင်နေရတယ်ဆိုတာကို ရိပ်စားမိတဲ့ ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီး ယာမာမိုတိုက မစ်ဝေးကျွန်းကို လာရောက်တိုက်ခိုက်ဖို့ ခွင့်ပြုချက်ရယူလိုက်တယ်။ရန်သူအင်အား ၂ဆပိုများတဲ့၊ ကမ္ဘာ့အင်အားအကြီးဆုံး ရေတပ်ဘွဲ့ကို ရထားတဲ့ ဂျပန်ဘုရင့်ရေတပ်မတော်ကို ဗိုလ်ချုပ်ကြီးနီမစ်ဇ် ဦးဆောင်တဲ့ အမေရိကန်ရေတပ်က ဘယ်လိုတွေ ချေမှုန်းမလဲဆိုတာကို မြင်တွေ့ရမှာ ဖြစ်တယ်။မစ်ဝေးတိုက်ပွဲအကြောင်း ပုံဖော်ထားတဲ့ ၁၉၇၆ခုနှစ်ထွက် ဒီဗားရှင်းကတော့ သူတို့ခေတ်အခါက အမိုက်စား cast တွေကို သုံးထားပြီး Sensurround sound system ကိုသုံးထားခဲ့တယ်။ မျိုးချစ်စိတ်ကို ပိုပြီးပေါ်လွင်စေပါတယ်တဲ့။ ၂၀၁၉ ခုနှစ်ထွက်ဗားရှင်းကတော့ သမိုင်းကြောင်းအချက်အလက်အရ ပိုမိုမှန်ကန်တယ်လို့ ဆိုကြပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Nway Oo K Zaw ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...