⭐️6.7
Click, Grown Ups, Big Daddy, Hotel Transylvania အပြင် တခြားနာမည်ကြီးဇာတ်ကားတွေနဲ့ လူသိများပြီး People’s Choice Awards ၉ ကြိမ်ရထားပြီး
သရုပ်ဆောင်လောကမှာ အောင်မြင်မှုများစွာရထားတဲ့ အချစ်တော်ကြီး Adam Sandler ရဲ့ဇာတ်ကားသစ် Netflix မှာ ထွက်ရှိလာပါပြီ။
Adam Sandler ဆိုတာ ဟာသပိုင်းမှာ အတော်လေးထူးချွန်တဲ့မင်းသားကြီးဖြစ်ပြီး အတည်ပေါက်ကြီးနဲ့ ဟာသလုပ်တတ်တာကလည်း သူရဲ့ကျွမ်းကျင်မှုပါပဲ။
ဒီကားရဲ့ထူးခြားချက်တွေက ပထမဇာတ်ကား Happy Gilmore (၁၉၉၆) ရဲ့ ၂၉ နှစ်အကြာမှာ Sequel အဖြစ်ထွက်ရှိလာတယ်။
Adam Sandler ရဲ့သမီးအရင်းကိုယ်တိုင် Happy Gilmore ရဲ့သမီး Sunny Gilmoreနေရာမှာ ပါဝင်သရုပ်ဆောင်ထားတယ်။
ဒါ့အပြင် ပထမကားရဲ့ Happy Gilmore ရဲ့ဇနီးဖြစ်သွားတဲ့ Virginia Venit နေရာမှာ Julie Bowen နဲ့ Happy Gilmoreရဲ့မဟာပြိုင်ဘက်
Shooter McGavin လည်းပြန်လည်ပါဝင်ထားပါတယ်။
Julie Bowen ဆိုတာ Modern Family မှာ ကလဲယာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးပါ။
ဒီဇာတ်ကားကို ဒေါ်လာ သန်း၁၀၀-၁၂၀ ကြားအကုန်ကျခံရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကျဥ်း
++++++++++
နှစ်ပေါင်း ၃၀ အကြာမှ ထွက်လာတဲ့ ဒီဇာတ်ကားမှာ Happy ဟာ ဟော်ကီအားကစားသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမယ့် သူ့အဖွားရဲ့အိမ်ကို ကယ်တင်ဖို့
ဂေါ့ဖ်အားကစားထဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့ ထူးခြားတဲ့ ရိုက်ချက်တွေနဲ့ Tour Championship မှာ အနိုင်ရခဲ့ပါတယ်။
အနိုင်ရပြီးနောက် Happy ဟာ အနားယူထားတဲ့ ဂေါ့ဖ်ကစားသမားဘဝကနေ ပြန်လည်ပြန်လာရတဲ့ အကြောင်းအမျိုးမျိုးရှိလာခဲ့ပါတယ်။
သူရဲ့ချစ်သူ Virginia Venit နဲ့သမီးတစ်ယောက်ရလာခဲ့ပြီး မိသားစုအတွက်ရပ်တည်ဖို့ ဂေါက်သီးအားကစားထဲ ပြန်လည်ဝင်ရောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။
သာမန်ဂေါ့ဖ်တမျိုးတည်းမဟုတ်ဘဲ အသစ်အဆန်းဂေါ့ဖ်ရိုက်ကစားနည်းတွေကို ပထမဇာတ်ကားထဲကလို Happy ရဲ့ ထူးခြားတဲ့ ဂေါ့ဖ်ရိုက်နည်းတွေ၊
ဒေါသထွက်လွယ်တဲ့ စရိုက်နဲ့ ပရိသတ်တွေကို ဘယ်လိုနည်းလမ်းတွေဆွဲဆောင်ဦးမလဲဆိုတာ ကြည့်ရှုချင်စရာကောင်းနေပါတယ်။
သူရဲ့ပြိုင်ဘက်ကြီး Shooter McGavin နဲ့ ဘယ်ဘူတာမှာ ထပ်တွေ့ပြီး ဘယ်လိုဟာသတွေ ဖန်တီးသွားပြမလဲဆိုတာတော့ အချိန်ရတာနဲ့ကြည့်ရှုလိုက်ကြပါဦး