Big Deal (2025)

Premium By Shine Design With Shroff Templates
Poster
⭐️7.7


ဒီတစ်​ခေါက်မှာတော့ Taxi Driver ထဲက မင်းသား Lee Je Hoon, Exhuma ထဲက မင်းသားကြီး Yoo Hae Jin နဲ့ Hansan: Rising Dragon ထဲမှ မင်းသား Son Hyun Joo တို့အဓိကပါဝင်ထားတဲ့ စီးပွား‌ရေးဒရာမာကားလေးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဒီဇာတ်ကားလေးက​တော့ ၁၉၉၇ ခုနှစ် အာရှ​ငွေ​ကြေးအကျပ်အတည်းကာလကကိုရီးယားဆိုဂျူ​လုပ်ငန်းအ​ကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဖြိုဂျုံရို့ (Yoo Hae Jin) က ​ငွေ​ကြေးအခက်အခဲကြုံ​တွေ့​နေတဲ့ ဂုဘိုလုပ်ငန်းစုရဲ့ဒါရိုက်တာတစ်​ယောက်ဖြစ်ပြီး ကုမ္ပဏီကို ကယ်တင်နိုင်မယ့် အကြံ​ပေးတစ်​ယောက်ကို ရှာဖွေနေတဲ့သူပါ။ချွဲအင်ဘုမ်း (Lee Je Hoon) က​တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ​ရေးကုမ္ပဏီဖြစ်တဲ့ ဆိုးလ်ကွင်းရဲ့ရည်မှန်းချက်ကြီးတဲ့ ဝန်ထမ်းတစ်​ယောက်ဖြစ်ပြီး ဂုဘိုလုပ်ငန်းရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက်​အတိုင်ပင်ခံအဖွဲ့အဖြစ် ဟန်​ဆောင်ပြီး ဖြိုဂျုံရို့ဆီကို အကြံနဲ့ ချဥ်းကပ်လာပါ​တော့တယ်။ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဂုဘိုလုပ်ငန်းရဲ့ ဥက္ကဌဖြစ်သူ ​ဆော့ဂျင်အူ (Son Hyun Joo) ဟာ​လောင်းကစားကိစ္စ​ကြောင့် ပြည်သူ​တွေရဲ့ ​ဝေဖန်မှုကို ခံ​နေရပြီး ဂုဘိုလုပ်ငန်းဟာ အ​ကြွေးပြန်မဆပ်နိုင်တဲ့အ​ခြေအ​နေထိ ​ရောက်လာတာ​ကြောင့် ဒီအခွင့်အ​ရေးကို အရယူပြီး ချွဲအင်ဘုမ်းတစ်​ယောက် ဂုဘိုကုမ္ပဏီရဲ့လျှို့ဝှက်အချက်အလက်​တွေကို လှည့်ထုတ်ယူပြီး​နောက် ဂုဘိုကုမ္ပဏီရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် ​​တရားစွဲဆိုပြီး စတင်တိုက်ခိုက်လာတဲ့အခါမှာတော့… ဖြိုဂျုံရို့နဲ့ ဂုဘိုလုပ်ငန်းစု ပြန်လည် ရုန်းထနိုင်မလား..ဆိုးလ်ကွင်းဘက်က ကုမ္ပဏီစီမံခန့်ခွဲခွင့်ကို အရယူနိုင်သွားမလား.. ဆိုတာကို စီးပွားရေးလှည့်ကွက်များစွာနဲ့မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ရှုစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်ပါတယ်။)




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬