Ad P1
Ad P2

Do You Like Bears in Spring? (2003)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


သဘောကျဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ဟာသအနည်းငယ်နဲ့ စိတ်ကူးယဉ်ပျော်ရွှင်မှုတွေကို အတူပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။Bae Doona နဲ့ Kim Nam Jin တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး သူတို့ကြားက ငယ်သူငယ်ချင်းဆန်ဆန် စိတ်လှုပ်ရှားဖွယ်အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ တင်ဆက်ထားပါတယ်။ ဂျောင်ဟျွန်းချယ် (Bae Doona) ဟာ အဖေနဲ့ပဲ ကြီးပြင်းလာခဲ့တဲ့မိန်းကလေးဖြစ်ပြီး၊ တစ်ချိန်တုန်းက လေယာဉ်မယ်ဖြစ်ချင်တဲ့အိပ်မက်ကို ရင်ထဲမှာသိမ်းဆည်းထားဆဲဖြစ်ပါတယ်သူ့ဘဝထဲမှာ ချစ်ခြင်းမေတ္တာဆိုတာက မျှော်လင့်ချက်ကင်းတဲ့အရာတစ်ခုပေါ့။ အမြဲထားခဲ့ခံနေရလည်း အချစ်ဆိုတာကို စိတ်မကုန်သေးဘဲ စိတ်ကူးယဥ် မင်းသားလေးကို စောင့်နေဆဲပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကြောင့် စာကြည့်တိုက်မှာ စာအုပ်တစ်အုပ် သွားငှားရင်းနဲ့ စာအုပ်ထဲမှာ ချစ်ခြင်းနဲ့အပြည့်အဝဖြစ်နေတဲ့ လျှို့ဝှက်စာတစ်စောင်ကို ရှာတွေ့သွားပါတယ်။ မတူညီတဲ့စာအုပ်တွေထဲမှာလည်း ထပ်တလဲလဲပဲ တခြားချစ်ခြင်းစာတွေထပ်တွေ့လာတဲ့အခါ၊ ဟျွန်းချယ်တစ်ယောက် “ဒါက သူ့အတွက်ပဲ” ဆိုတဲ့ အတွေးနဲ့ စာရေးသူကိုစိတ်ဝင်စားမိပြီး ချစ်မိသွားပါတော့တယ်။ အခြားတစ်ဖက်မှာလည်း ဟျွန်းချယ်ကို တိတ်တခိုးချစ်နေတဲ့ သူငယ်ချင်း အီဒုံဟာ (Kim Nam Jin) ဟာ သူ့ကိုယ်သူ စာရေးသူပါဆိုပြီး လိမ်မိရာကနေ.. ဟျွန်းချယ်တစ်ယောက် ဒုံဟာလိမ်ထားတာကို ရိပ်မိသွားမလား…အဲဒီစာတွေကို ရေးနေတာကဘယ်သူလဲ…ဟျွန်းချယ်တစ်ယောက် လိုချင်တဲ့အချစ်စစ်ကို ရှာတွေ့သွားမလား… အဲဒီစာတွေကရော တကယ်ပဲ ဘယ်သူ့ကိုရည်ရွယ်တာလဲ ဆိုတာကို ဒီဇာတ်ကားလေးကနေတဆင့် ကြည့်ရှု့လိုက်ကြရအောင်နော် (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...