⭐️6.3
အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားအာလူးအာဂျွန်နဲ့
မင်းသမီးရက်ရှ်မီးကားတို့ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့
ပွတ်ရှ်ပါရုပ်ရှင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။ဘတ်ဂျက် ကုဋေငါးရာဝန်းကျင်သုံးထားပြီး Box Officerမှာ
ကုဋေထောင့်ရှစ်ရာကျော်ထိရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။
ရှေ့ကားနဲ့ အချိတ်အဆက်ရှိတဲ့အတွက် ၂၀၂၁ကထွက်ရှိခဲ့တဲ့ Pushpa: The Riseကို ကြည့်ပြီးမှ
ဒီရုပ်ရှင်ကိုကြည့်ရင် ပိုပြီးဇာတ်ရည်လည်မှာပါ။ရဲအရာရှိ ရှီခါဝက်တစ်ယောက် ပွတ်ရှ်ပါကိုဖမ်းမိဖို့အရေး
အပြင်းအထန်ကြိုးစားနေပါတယ်။
ဒါပေမဲ့လည်း ဒီနေရာမှာရှိရမဲ့စည်းမျဉ်းက
ပွတ်ရှ်ပါရဲ့စည်းမျဉ်းဆိုတဲ့အတိုင်း ရှီခါဝက်တစ်ယောက်
ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့နေတာပေါ့။တစ်နေ့ ဝန်ကြီးဖြစ်သူ တီရူပတီကိုရောက်လာတော့ ပွတ်ရှ်ပါသွားတွေ့တဲ့အချိန်
ပြဿနာဖြစ်ပြီး ဝန်ကြီးဖြစ်သူကိုပါ ဖြုတ်ချဖို့ ပွတ်ရှ်ပါတစ်ယောက် ကြံပါတော့တယ်။ပွတ်ရှ်ပါမှာ အားလုံးရှိတယ် မရှိတာဆိုလို့ ရှုံးနိမ့်မှုနဲ့ အကြောက်တရားဆိုတာလိုပဲ
အခက်အခဲအတားအဆီးမှန်သမျှကို ပွတ်ရှ်ပါတစ်ယောက်
ဖျက်ဆီးဖြိုချပစ်ပုံကို ခံစားကြည့်ရှုကြရမှာပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။)