Space Sweepers (2021)

Premium By Shine Design With Shroff Templates
Poster
⭐️9.3


Space Sweepers(၂၀၂၁)အညွှန်း ကမ္ဘာကြီးဟာ အချိန်ကြာလာတာနဲ့အမျှ အမှိုက်သရိုက်တွေ နေထိုင်ဖို့မသင့်လောက်တဲ့အထိဆိုးရွားတဲ့အခြေအနေမျိုးဖြစ်လာတယ်….ဒီအခြေအနေကိုကျော်လွှားဖို့ သိပ္ပံပညာရှင်တစ်ယောက်ဟာ UTSလို့ခေါ်တဲ့အာကာသဇုန်တစ်ခုဖန်တီးပြီး သီခြားကမ္ဘာတစ်ခုတည်ဆောက်ပြီးတော့ နေထိုင်ကြတယ်….အဲ့ဒီနေရာမှာ ထယ်ဟိုခေါင်းဆောင်တဲ့ အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိတယ်..သူတို့ကတော့ စွန့်ပစ်ပစ္စည်းတွေအာကာသထဲမှာလိုက်ကောက်ပြီး ဈေးကောင်းကောင်းနဲ့ပြန်ရောင်းလေ့ရှိတဲ့အဖွဲ့ပေါ့…..ဆန်တို့ သဘာဝအသီးအနှံတို့ဆိုတာ သိပ်ကိုဈေးကောင်းရတဲ့ပစ္စည်းတွေ…တစ်ရက်စွန့်ပစ္စည်းတွေလိုက်ရှာနေတုန်း မမျှော်လင့်ဘဲ ကလေးလေးတစ်ယောက်ကိုတွေ့တယ်…ပုံမှန်ဆို UTSက ရဲတွေကိုအပ်လိုက်သင့်ပေမဲ့ ထယ်ဟိုတို့အဖွဲ့ဟာ ဒီကလေးမလေးကိုသံယော်ဇဉ်တွယ်မိတာနဲ့တိတ်တဆိတ်ထိန်းသိမ်းထားမိတယ်…အဲ့ဒီလို သူတို့နဲ့အတူခေါ်ထားလိုက်ခြင်းကပဲ ပြဿနာမျိုးစုံကိုလက်ယတ်ခေါ်လိုက်သလိုဖြစ်သွားတော့တာပါပဲ….ဒီကလေးမလေးဟာ ဘယ်ကြောင့်အန္တရယ်များတာလဲ…သူ့ကို ဘယ်လိုရန်သူတွေကများလိုချင်နေတာလဲ…ထယ်ဟိုတို့အဖွဲ့ကရော ကလေးမလေးကိုကယ်နိုင်ပါ့မလား…သူတို့အသက်အန္တရယ်တွေကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဉီး….ဆောင်ဂျွန်ကီရဲ့ကားသစ်ဖြစ်ပြီး သိပ္ပံအက်ရှင်ကားဖြစ်ပါတယ်…တော်တော်ကြီးကိုကြည့်လို့ကောင်းတာမို့ လက်မလွှတ်သင့်ပါကြောင်း…




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬