Ad P1
Ad P2

Up (2009)

Premium By Shine Design With Shroff Templates
Poster
⭐️8.2


Up (၂၀၀၉) Pixarဆိုတဲ့ animation studio အကြောင်း ပြောကြတဲ့အခါ အများနဲ့မတူတဲ့ storyline, ဇာတ်ကောင်ဖန်တီးမှုပုံစံတွေ၊ဆန်းသစ်တဲ့ ဇာတ်လမ်းပုံစံတွေနဲ့ ကျွန်တော်တို့ ငယ်ဘဝအမှတ်တရအများစုကို ဖန်တီးပေးနိုင်ခဲ့တဲ့ studioတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ဒီstudioကပဲ ထုတ်လိုက်တဲ့Upဆိုတဲ့ Animationဇာတ်ကားကတော့ အတော်များများရင်းနှီးပြီးသားဖြစ်သလို မကြည့်ဖူးတဲ့သူလည်း အတော်ရှားမယ့် animationဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Action နဲ့ comedyကိုရောစပ်ထားပြီးချစ်ခြင်းမေတ္တာ‌တွေ ဒရာမာတွေကိုလည်း ပီပြင်အောင်ဖန်တီးထားတာပါ။ Carlဆိုတဲ့ ကင်းထောက်ကောင်လေးတစ်ယောက်က Ellie ဆိုတဲ့ သဘာဝစူးစမ်းလေ့လာရေးစိတ်ဝင်စားသူနဲ့ အကြောင်းပါခဲ့ပြီး Wild Life Explorerဖြစ်ချင်တဲ့အိပ်မက်ကို အတူအကောင်အထည်ဖော်နိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အကြီးဆုံး အိပ်မက်ကအမေဇုန်တောထဲမှာ ရှိတဲ့ Paradise Fallဆိုတဲ့ ရေတံခွန်နံဘေးမှာ အိမ်လေးတစ်လုံးဆောက်ပြီး နေသွားဖို့ပါ။ဒါပေမဲ့ သူတို့ရဲ့အိပ်မက်တွေ အကောင်အထည်မပေါ်ခင်Ellie တစ်ယောက်ဆုံးပါးသွားတဲ့နောက် အထီးကျန်နေတဲ့Carlအ‌နေနဲ့ ဇနီးဖြစ်သူ မလုပ်နိုင်ခဲ့တဲ့အရာကို လက်တွေ့ဖြစ်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ပြီး အိမ်ကြီးတစ်လုံးလုံးလေထဲသယ်နိုင်မယ့် ပူဖောင်းတွေအများကြီးကို ချိတ်ပြီးအိမ်လုံးကျွတ် လေထဲရွက်လွင့်ကာ Paradise Fallဆီကိုထွက်လာပါတော့တယ်။Carlရဲ့ Adventureမှာ အတူတူလိုက်ပါလာတာကတော့ သူ့လိုပဲ wildlife ကို ဝါသနာပါတဲ့Russel ဆိုတဲ့ ကောင်လေးတစ်ယောက်ပါ။ သူတို့တွေရဲ့စွန့်စားခန်းဟာ မှန်းထားသလိုပဲ တကယ်ဖြစ်လာမှာလား၊ဘယ်လိုမျိုးအခက်အခဲတွေ ကြုံတွေ့ရမလဲ၊ မထင်ထားတဲ့အနှောင့်အယှက်တွေ ရန်သူတွေကို ဘယ်လိုကျော်ဖြတ်သွားကြမလဲဆိုတာကို မိသားစုနဲ့အတူ ကြည့်ရှုနိုင်ဖို့တွက်တင်ဆက်ပေးလိုက်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...