⭐️7.6
Despicable Me (၂၀၁၀)
Genre – Animation, Adventure, Comedy
IMDB – 7.6/10ဘနားနားလို့ခေါ်တဲ့ ပြည်သူ့အချစ်တော် Minion လေးတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ Animation လေး ဖြစ်ပါတယ်။ Gru နေရာ အသံသရုပ်ဆောင်ကတော့ ဟာသမင်းသားကြီး Steve Carell ဖြစ်ပြီး တခြားနာမည်ကျော်တွေပဲ သရုပ်ဆောင်ပေးထားကြပါတယ်။ ဇာတ်လမ်းလေးကတော့ Gru ဆိုတဲ့ အင်မတန်မှ စိတ်ပုပ်ပြီး ဉာဏ်ကောင်းတဲ့ ပါရမီရှင် သူခိုးကြီးတစ်ယောက်ဟာ သူ့ တပည့်ကျော် Minion တွေနဲ့အတူ ကမ္ဘာတစ်လွှား ဒုစရိုက်မှုတွေ ကျူးလွန်နေခဲ့ပါတယ်။ နောက်ဆုံးပြောရမယ်ဆို သူများထက် နဖူးဂျိုပေါက်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကိုပါ ခိုးချင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း မဟာရန်ဖက်လို့ ပြောလို့ရတဲ့ Vector ဆိုတဲ့ကောင်ကလည်း သူလုပ်သမျှကို လိုက်လိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်နေတော့ Gru တစ်ယောက် ခွေးဖြစ်နေတာပေါ့။ ဒါနဲ့ မိဘမဲ့ကလေးမလေး ၃ ယောက်ကို အသုံးချပြီးတော့ သူ့ရဲ့ မဟာအကြံအစည်ကို အကောင်အထည်ဖော်ဖို့ လုပ်တဲ့အချိန်မှာပဲ မိဘမေတ္တာကို ငတ်မွတ်နေတဲ့ ကလေးလေး ၃ ယောက်နဲ့ အပြင်ပန်းအရ ရက်စက်နွေးထွေးမှုမရှိဘူးထင်ရပေမဲ့ တကယ်တမ်း စိတ်ထားကောင်းတဲ့ Gru ကြီးတို့ သံယောဇဉ်တွေ ပေါက်ဖွားပြီး ရန်သူတော်ထက်သာအောင် ဘယ်လိုမျိုးတွေ စွန့်စားသွားကြမလဲဆိုတာကို Minion တွေရဲ့ ပေါက်ကရနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီကနေစတင်လိုက်တာ ဘယ်လောက်အောင်မြင်သွားလဲဆိုတော့ Minion တွေရော သူတို့ရော Franchise လိုက်ကြီး ဖြစ်သွားပြီး ခုဆို ၄ ကားမြောက်ထိတောင် ထွက်ထားတာပဲ ဖြစ်ပါတယ်။