⭐️7.3
Ant-Man and the Wasp” သည် MCU Phase 3 ရဲ့ ၈ ကားမြောက် ဇာတ်ကားဖြစ်ပြီး “Avengers: Infinity War” ရဲ့ ပြင်းထန်နင်ကျင်စရာ ဇာတ်လမ်းအပြီးမှာ MCU စတိုင် ပေါ့ပါးရွှင်လန်းတဲ့အရသာနဲ့ ပြန်လည်ပွဲထွက်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။
“Captain America: Civil War” (၂၀၁၆) နောက်ပိုင်း အချိန်ကာလကို ဖော်ပြထားပြီး Scott Lang/Ant-Man (Paul Rudd) နဲ့ Hope van Dyne/Wasp (Evangeline Lilly) တို့ရဲ့ Quantum Realm ဆိုင်ရာ စွန့်စားခန်းများကို အဓိကထားမိတ်ဆက်ခဲ့ပါတယ်။ဒါပေမယ့် “Infinity War” နှင့် တစ်ချိန်တည်းဖြစ်ပျက်နေကြောင်း ချိတ်ဆက်ထားပြီး နောက်ဆုံး post-credit scene မှာ Thanos ရဲ့ Snap အကြောင်းကိုထည့်သွင်းထားပါတယ်။
ဒီကားထဲက Quantum Realm နည်းပညာဟာ “Endgame” မှာ အချိန်ခရီးသွားဖို့ အဓိကအချက်ဖြစ်တာကြောင့် “Endgame” အတွက် အရေးပါတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။Budget $130-195 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $622.7 Million ထိပြန်လည်ရရှိခဲ့ပါတယ်။